နိုဝင်ဘာ ၁၂၊ တီဟီရန်
အီရန်နိုင်ငံ၏ လက်ရှိ ယူရေနီယမ်သတ္တု သန့်စင်မှုပမာဏမှာ နိုင်ငံတကာ သဘောတူစာချုပ်အရ ခွင့်ပြုထားသည့်ပမာဏထက် ၁၂ ဆကျော် ပိုများသည်ဟု နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA) က ပြောသည်။ အီရန်နိုင်ငံတွင် သိုလှောင်ထားသည့် သန့်စင်ပြီးသား ယူရေနီယမ်သတ္တုပမာဏမှာ ၂၄၄၂ ဒသမ ၉ ကီလိုဂရမ်ရှိနေသည်ဟု (IAEA) က ပြောသည်။
ယင်းတို့၏ နျူကလီးယားစီမံကိန်းမှာ ငြိမ်းချမ်းသည့် ရည်ရွယ်ချက်အတွက်သာ ဖြစ်သည်ဟု အီရန်နိုင်ငံက ဆိုသည်။ ထုတ်ဖော်ကြေညာခြင်းမရှိသည့် နေရာတွင် နျူကလီးယားပစ္စည်းများ ရှိနေခြင်းအတွက် အီရန်နိုင်ငံ၏ ဖြေရှင်းချက်မှာ ခိုင်လုံစိတ်ချရခြင်းမရှိကြောင်း (IAEA) က ဆိုသည်။ အဖွဲ့ဝင်နိုင်ငံများထံ ဖြန့်ဝေခဲ့သည့် ယခုနောက်ဆုံးအစီရင်ခံစာတွင် နျူကလီးယားပစ္စည်းများ တွေ့ရှိခဲ့သည်ဆိုသည့် အီရန်နိုင်ငံ၏ တည်နေရာကို (IAEA) က ခွဲခြားဖော်ပြခဲ့ခြင်းမရှိပေ။
သို့သော် အဆိုပါနေရာမှာ ယူရေနီယမ်သတ္တု သန့်စင်ခြင်းပြုလုပ်သည့်နေရာမဟုတ်ဘဲ သိုလှောင်ရန် အတွက်သာ အသုံးပြုသည့်နေရာဖြစ်နိုင်သည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အီရန်နိုင်ငံမှာ ၂၀၁၅ ခုနှစ် သဘောတူစာချုပ်အရ ခွင့်ပြုထားသည့် ယူရေနီယမ်သတ္တုကို ၃ ဒသမ ၆၇ ရာခိုင်နှုန်းအထိသာ သန့်စင်ရေးသဘောတူညီချက်ကို ချိုးဖောက်၍ ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သန့်စင်နေဆဲဟု (IAEA) က ပြောသည်။
Ref:BBC(KNT)