နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟောင်ကောင်မြို့တွင် ဒီမိုကရေစီလိုလားသည့် လွှတ်တော်အမတ်အားလုံး ရာထူးမှ နုတ်ထွက်

နိုဝင်ဘာ  ၁၂၊ ဟောင်ကောင်


အတိုက်အခံလွှတ်တော်အမတ် ၄ ဦးကို လွှတ်တော်အမတ်တာဝန် ရပ်စဲခဲ့ပြီးနောက် ဟောင်ကောင်မြို့၏ ဒီမိုကရေစီလိုလားသည့် လွှတ်တော်အမတ်အားလုံး ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ဖွယ်ရှိသည့် လွှတ်တော်အမတ်များကို ဟောင်ကောင်မြို့အစိုးရက ရာထူးမှ ထုတ်ပယ်ခွင့်ရှိသည်ဆိုသည့် ဆုံးဖြတ်ချက်ကို ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် တရုတ်အမျိုးသားပြည်သူ့လွှတ်တော် ဗဟိုကော်မတီက အတည်ပြုခဲ့သည်။


ထို့နောက် အချိန်ပိုင်းအကြာတွင် ဟောင်ကောင်အစိုးရက အတိုက်အခံလွှတ်တော်အမတ် ၄ ဦးကို လွှတ်တော်အမတ်တာဝန်မှ ရပ်စဲခဲ့သည်။
ဟောင်ကောင်လွှတ်တော်တွင် အမတ် ၇၀ ဦး ရှိသည့်အနက် ဒီမိုကရေစီလိုလားတဲ့ လွှတ်တော်အမတ် ၁၉ ယောက်ရှိရာ ယခုအခါတွင် လွှတ်တော်အမတ် ၁၅ ဦးက ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာလိုက်ခြင်းကြောင့်  ဟောင်ကောင်လွှတ်တော်တွင် ဒီမိုကရေစီလိုလားသည့် လွှတ်တော်အမတ်တစ်ယောက်မျှ မကျန်တော့ပေ။ လက်ရှိအချိန်တွင် ဟောင်ကောင်လွှတ်တော်၌ အတိုက်အခံလွှတ်တော်အမတ် ၂ ဦးသာ ကျန်ရှိတော့သည်။


ဒီမိုကရေစီလိုလားသည့် လွှတ်တော်အမတ် ၄ ဦးကို လွှတ်တော်အမတ် တာဝန် ရပ်စဲလိုက်သည့်လုပ်ရပ်မှာ တရုတ်အစိုးရက ဟောင်ကောင်မြို့၏ လွတ်လပ်ခွင့်ကို ကန့်သတ်ပိတ်ပင်ရန် ကြိုးပမ်းမှုတစ်ရပ်ဟု သတ်မှတ်ထားကြသည်။ '' တစ်နိုင်ငံ၊ စနစ် ၂ ခုပုံစံ ကျင့်သုံးနေဆဲပဲလို့ မပြောနိုင်တော့ပါဘူး။ အဲဒီစနစ်က ဇာတ်သိမ်းသွားပါပြီ'' ဟု ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဝူချီဝေက ပြောသည်။


ဟောင်ကောင်လွှတ်တော်တွင် အတိုက်အခံအမတ်များ မရှိသလောက်နီးပါး ဖြစ်သွားခဲ့ခြင်းမှာ ၁၉၉၇ ခုနှစ်တွင် ဟောင်ကောင်မြို့ကို ဗြိတိန်နိုင်ငံက တရုတ်အစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။    


Ref:BBC(KNT)







အခြားဆက်စပ်သတင်းများ