ရေကြည် မေ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိ ပြည်သူများအား COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန်ရည်ရွယ်၍ ထိုင်းနိုင်ငံမှပြန်လည် ရောက်ရှိလာမည့် သူများအား ၂၁ ရက်ကြာ စောင့်ကြည့်မည်ဖြစ်သဖြင့် အဆိုပါစောင့်ကြည့်လူနာများအား ရေကြည်မြို့ အခြေခံပညာအထက်တန်း ကျောင်း အ-ထ-က(၁)တွင်ထားရှိရန် နေရာများအားကြိုတင်ပြင်ဆင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းခိုင်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးစိုးနိုင် ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များပူးပေါင်းကာ ဧပြီ ၃၀ ရက်၊ ညနေ ၄ နာရီက စောင့်ကြည့်လူနာများ ထားရှိမည့် ကျောင်းဆောင်များ၊ အိမ်သာနှင့် ရေချိုးမည့်နေရာများအား သန့်ရှင်းရေးလုပ်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းနှင့် နေရာထိုင်ခင်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်စဉ်။
အောင်သူဟန်(ရေကြည်)