နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စျေးကားများဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ရောင်းချခဲ့သည်မှာ တစ်ပတ်ပြည့်မြောက်

လှိုင်   မေ    ၁

တောင်ဥက္ကလာပမြို့နယ်အတွင်း မြို့နယ်စည်ပင်ကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဈေးသည်များနှင့် ပူးပေါင်းဆောင်ရွက်ကာ Stay At Home ကာလအတွင်း ဈေးကားများ ထွက်ရှိပေးခဲ့သည်မှာ ဧပြီ ၃၀ ရက်က တစ်ပတ်ပြည့်ခဲ့ပြီဖြစ်သည်။
အဆိုပါ ဈေးရောင်းချမှုသည် ရောင်းသူ/၀ယ်သူများကို စိတ်ကျေနပ်မှုပေးစွမ်းနိုင်ခဲ့သည်။ ဝယ်ယူ သူများမှလည်း မိမိနေထိုင်ရာရပ်ကွက်တွင်း၌သာ ဝယ်ယူရသည့်အတွက် အဆင်ပြေမှုများ ရရှိခဲ့ပြီး လိုအပ်သည့်စားသောက်ကုန်များကို ဝယ်ယူနိုင်ခဲ့ကြသည်။

တောင်ဥက္ကလာပမြို့နယ်စည်ပင်ကော်မတီနှင့်အတူ We Love Southokkalapa မှ အဖွဲ့သားများနှင့် စည်ပင်သာယာမှ၀န်ထမ်းများအားလုံးနှင့်အတူ စျေးရောင်းချသည့် စျေးသည်များကလည်း ပူးပေါင်းပါဝင်ရောင်းချပေးခဲ့ကြသည်။
အဆိုပါရောင်းချခဲ့ရာတွင် တစ်ပတ်အတွင်းရောင်းချမှုနှုန်းအနေဖြင့် တစ်နေ့လျှင် ခန့်မှန်းအိမ်ထောင်စု ၈၀၀ ခန့်ကို ရောင်းချပေးနိုင်ခဲ့ပြီး ဧပြီ ၂၃ ရက်က စတင်ရောင်းချပေးခဲ့ရာ စျေးရောင်းရငွေမှာ ဧပြီ ၃၀ ရက်အထိ ပျမ်းမျှနေ့စဉ် ကျပ်သိန်း  ၅၀ ခန့်ရှိကြောင်း သိရသည်။                           

(NWA)






အခြားဆက်စပ်သတင်းများ