နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ်အတွက် စူပါကွန်ပျူတာရဲ့ခန့်မှန်းချက်က မန်ယူအတွက် စိတ်မချမ်းသာစရာပါ

နိုဝင်ဘာ ၁၁


လက်ရှိပရီးမီးယားလိဂ်ရဲ့အသင်းအချို့အတွက် စူပါကွန်ပျူတာက ရာသီကုန်မှာအသင်းလိုက် ရပ်တည်သွားမယ့်အဆင့်တွေကို ခန့်မှန်းတွက်ချက်ပေးရာမှာ မန်ယူအသင်းအတွက်ကတော့ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ လက်ရှိမန်ယူအသင်းကလည်း ပြီးခဲ့တဲ့ရာသီအစကကဲ့သို့ပါပဲ ရာသီအဖွင့်မှာ ချဲလ်ဆီးကို နိုင်ပြီး နောက်ပိုင်းတော်တော်ရုန်းကန်ခဲ့ရတာ အသင်းကို ဖာနန်ဒက်စ်ရောက်ရှိလာပြီး ရာသီကုန်မှာ အဆင့် ၃  နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တာပါ။ ဒီရာသီမှာလဲ ပွဲစဉ် ၇ ပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ ၄ ပွဲနိုင် ၃ ပွဲရှုံး၊ ၁ ပွဲသရေနဲ့  ရမှတ် ၁၀ မှတ်ရကာ အဆင့် ၁၅ မှာရပ်တည်နေပါတယ်။ ရှုံးတဲ့ ၃ ပွဲက အိမ်ကွင်းမှာအသင်းငယ်တွေကို  ရှုံးခဲ့တာပါ။ လက်ရှိလည်း အသင်းကရုန်းကန်နေရပါတယ်။ မနှစ်ကနဲ့ သိပ်မထူးပါဘူး။ ဒါကြောင့် စူပါကွန်ပျူတာက မန်ယူကို ရာသီကုန်မှာ အဆင့် ၈ နေရာနဲ့ အဆုံးသတ်မယ်လို့ ခန့်မှန်းတွက်ချက်ခဲ့တာဖြစ် ပါတယ်။ မန်ယူတို့အတွက်တော့ မခံချင်စရာပါ။ ဒါပေမယ့် မန်ယူတို့ လက်ရှိအတိုင်းဆက်သွားမယ်ဆိုရင်  ကွန်ပျူတာခန့်မှန်းတာထက် ပိုဆိုးသွားနိုင်ပါတယ်။ စူပါကွန်ပျူတာက လီဗာပူးလ် ချန်ပီယံဆု ကာကွယ် နိုင်မယ်။ မန်စီးတီးအဆင့် (၂) ၊ အဆင့် ၃ ၊ ၄ ၊ ၅ မှာ ချဲလ်ဆီး၊ စပါးနဲ့ လက်စတာ၊ အဆင့် ၆ မှာ အာဆင်နယ်၊ အဆင့် ၇ မှာတော့ အဲဗာတန်တို့ ဒီရာသီအသိမ်းမှာ ရပ်တည်သွားကြလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ