သန်လျင် မေ ၁
ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ် များကျရောက်လာပါက အရေးပေါ်ကယ်ဆယ်ခြင်းနှင့် ပြုစုစောင့်ရှောက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် တပ်စုတစ်စုစာကို ရန်ကုန်တောင်ပိုင်းခရိုင်မီးသတ်ဦးစီးဌာနတွင် အသင့်စုဖွဲ့စည်းထားရှိပြီး အချိန်နှင့်တပြေးညီ ချက်ချင်းထွက်ခွာနိုင်အောင်လည်း ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း မေ ၁ ရက်၊ နံနက် ၉ နာရီက တွေ့ရစဉ်။
(ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း မီးလောင်မှုများနှင့် အခြားသောသဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အရေးပေါ်တယ်လီဖုန်းနံပါတ် ၁၉၁၊ ဝ၅၆ ၂၁၅၀၂၊ ဝ၅၆ ၂၁၀၅၈ သို့ ၂၄ နာရီ ဆက်သွယ်နိုင်ကြောင်း သိရသည်။)
သက်ခိုင်(သန်လျင်)