နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမ္မတရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်မခံသည့် ဒေါ်နယ်ထရမ့်၏လုပ်ရပ် ရှက်စရာကောင်းသည်ဟု ဂျိုးဘိုင်ဒင် ဆို

နိုဝင်ဘာ  ၁၁ ၊ ဝါရှင်တန်


သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်ခံရန် ငြင်းဆန်သည့် ဒေါ်နယ်ထရမ့်၏လုပ်ရပ်မှာ ရှက်စရာကောင်းကြောင်း ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က ပြောသည်။ ဂျိုးဘိုင်ဒင်က ကိုယ်စားလှယ်မဲ ၂၇၉ မဲ ရရှိခဲ့ခြင်းကြောင့် သမ္မတရွေးကောက်ပွဲ အနိုင်ရပြီဟု ကမ္ဘာ့ထိပ်တန်းမီဒီယာများက ဖော်ပြသည်။ သို့သော် မဲရေတွက်မှုများ ဆက်လုပ်နေဆဲဖြစ်ပြီး ပြည်နယ်တစ်ခုချင်းစီအလိုက် မဲရလဒ်များကို အတည်မပြုနိုင်သေးပေ။ ဒီဇင်ဘာလ ၁၄ ရက်တွင် ကိုယ်စားလှယ်မဲပေးသည့် အဖွဲ့ဝင်များ တွေ့ဆုံချိန်မှသာ ရွေးကောက်ပွဲရလဒ်ကို အတည်ပြုနိုင်မည်ဖြစ်သည်။


သို့သော် သမ္မတရွေးကောက်ပွဲတွင် ယင်း အနိုင်ရလိမ့်မည်ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ ဂျိုးဘိုင်ဒင်ကလည်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၊ ပြင်သစ်သမ္မတ မက်ခရွန်၊ ဂျာမနီဝန်ကြီးချုပ် မာကယ်၊ အိုင်ယာလန်ဝန်ကြီးချုပ် မိုက်ကယ်မာတင်တို့အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များနှင့် ဖုန်းဆက်စကားပြောခဲ့ပြီး အာဏာလွှဲပြောင်းမှုကို မည်သည့်အရာကမျှ တားဆီးနိုင်မည်မဟုတ်ဟု ဆိုသည်။


ဒေါ်နယ်ထရမ့်က သမ္မတရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်မခံခြင်းကို မည်ကဲ့သို့ သဘောထားကြောင်း သတင်းထောက်တစ်ယောက်က မေးမြန်းချိန်တွင် ဂျိုးဘိုင်ဒင်က '' တဲ့တိုး ပြောရရင်တော့ ရှက်စရာ ကောင်းပါတယ်။ ဒါက သမ္မတတစ်ယောက် ချန်ရစ်ထားရမယ့်အရာမဟုတ်ဘူးလို့ ပြောရမှာပါ။ ဒါပေမဲ့ နောက်ဆုံးကျရင်တော့ ဇန်နဝါရီလ ၂၀ ရက် ( သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပမည့်နေ့)မှာ အစီအစဉ်တွေ အကောင်အထည်ပေါ်လာမှာပါ'' ဟု ဂျိုးဘိုင်ဒင်က ဆိုသည်။                                             


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ