နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အတ္တလန္တိတ်သမုဒ္ဒရာတွင် အမည်ရှိမုန်တိုင်းအရေအတွက် စံချိန်တင် ဖြစ်ပေါ်ခဲ့

နိုဝင်ဘာ  ၁၁၊ ဝါရှင်တန်


ယခုနှစ်အတွင်း အတ္တလန္တိတ်ပင်လယ်၌ ဖြစ်ပေါ်သည့် ဟာရီကိန်းမုန်တိုင်းရာသီတွင် အမည်ရှိ မုန်တိုင်းအရေအတွက် စံချိန်သစ်တင်ခဲ့ကြောင်း အမေရိကန်နိုင်ငံ အမျိုးသားဟာရီကိန်းစင်တာက ပြောသည်။ အတ္တလန္တိတ်သမုဒ္ဒရာ အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အပူပိုင်းဆက်စပ်မုန်တိုင်း သီတာ (Theta)မှာ ၂၉ လုံးမြောက် မုန်တိုင်းဖြစ်ရာ ၂၀၀၅ ခုနှစ်က တစ်ရာသီအတွင်း အမည်ရှိမုန်တိုင်း ၂၈ လုံး ဖြစ်ပေါ်ခဲ့သည့် စံချိန်ကို ချိုးဖျက်ခဲ့သည်။


ကာရေဘီယံပင်လယ်တွင် နောက်ထပ်မုန်တိုင်းတစ်ရပ်ဖြစ်ပေါ်နေပြီး မကြာမီအချိန်တွင် အမည်ပေး နိုင်လိမ့်မည်ဟု မိုးလေဝသပညာရှင်များက ပြောသည်။ အပူပိုင်းမုန်တိုင်း အရေအတွက်များပြား လာသည့် အကြောင်းရင်းအများအပြားရှိသည်ဟု ယင်းတို့က ဆိုသည်။ မုန်တိုင်းများ မတိုက်ခတ်မီ ပြည်သူများ သတိထားမိစေရန်အတွက် အန္တရာယ်များသည့် မုန်တိုင်းများကို အမည်ပေးခြင်းဖြစ်သည်။


ဟာရီကိန်းမုန်တိုင်းရာသီမှာ ဇူလိုင်လ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ကြာမြင့်ပြီး ယခုနှစ်တွင် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရသည့် အီတာမုန်တိုင်းကဲ့သို့ အင်အားပြင်းမုန်တိုင်းများ တိုက်ခတ်ခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ