အင်းစိန်မြို့နယ်ရှိ အစိုးရပိုင် ဆေးဝါးထုတ်လုပ်ရေးစက်ရုံသည် ဈေးကွက်အတွင်း လိုအပ်လျက်ရှိ သော COVID-19 ရောဂါ ကာကွယ်ရေးအတွက် လက်သန့်ဆေးရည်နှင့် အရက်ပြန်ဘူးများကို ပိုမိုထုတ်လုပ်မည်ဖြစ် ကြောင်းကို ဆေးဝါးစက်ရုံ (အင်းစိန်) မှ သိရသည်။ ယခုအခါတွင် ဆေးဝါးထုတ်လုပ်မှုကို ယခင်ကထက် နှစ်ဆတိုးမြှင့်ထုတ်လုပ်နေပြီး လက်သန့်ဆေးရည်ဘူးများ ကို 50 ml ၊ 500 ml ၊ 4 Liters ဘူးများဖြင့်လည်းကောင်း၊ အရက်ပြန်ဆေးဘူးများကို 100ml ၊ 500 ml ဘူးများဖြင့်လည်းကောင်း ထုတ်လုပ်နေကြောင်း သိရသည်။ ထို့ပြင် အင်းစိန်စက်ရုံအရှေ့ရှိ ဆေးအရောင်းဆိုင်တွင် လူတစ်ဦးကို တစ်ဘူးနှုန်းဖြင့် မူလဈေးအတိုင်း ရောင်းချပေးလျက်ရှိပြီး လက်သန့်ဆေးရည်နှင့်အရက်ပြန်ဝယ်ယူမှု များ သည် ယခင်ထက် ပိုမိုများပြားလာမှုကြောင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်တောက်မှု မရှိစေရန် နှစ်ဆတိုးထုတ် လုပ်ရခြင်းဖြစ်ကြောင်း သိရသည်။ . မေဘယ်လ်အောင်