နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လမ်းဘေးပျံကျဈေးသည်များ ရှင်းလင်းခြင်းနှင့် စည်းကမ်းမဲ့ ကြော်ငြာဆိုင်းဘုတ်များ ဖြုတ်သိမ်း

မင်္ဂလာတောင်ညွန့်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်လှိုင်နှင့် အတွင်းရေးမှူး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမင်းလှိုင်၊ အဖွဲ့ဝင် (၁) ဒေါ်သီသီခိုင် တို့ဦးဆောင်ကာ မတ် ၄ ရက်၊ နံနက်က မြို့နယ်အတွင်းကွင်းဆင်း၍ လမ်းဘေးဈေးသည်များ စည်းကမ်း ထိန်းသိမ်းဆောင်ရွက်ခဲ့ကြသည်။ "လမ်းဘေးဈေးသည်တွေကို မေတ္တာရပ်ခံတဲ့အနေနဲ့ ဖယ်ရှားခိုင်း ပါတယ်။ အရေးယူမှုတွေ မလုပ်ပါဘူး။ နောက်တစ်ပတ်ကျရင်တော့ စည်ပင်သာယာပူးပေါင်းအဖွဲ့တွေနဲ့ အကုန်သိမ်းဆည်းမှာဖြစ်ကြောင်း၊ စည်ပင်သာယာဥပဒေနဲ့လည်း အရေးယူမှာဖြစ်တဲ့အတွက် ယခုထဲက ကြိုတင်ဖယ်ရှားဖို့ မေတ္တာရပ်ခံခဲ့တယ်။ တစ်ဆက်တည်းလမ်းဘေး အဆောက်အဦတွေနဲ့ ဓာတ်မီးတိုင်၊ သစ်ပင်တွေမှာ ချိပ်ဆွဲထားတဲ့ ခွင့်ပြုချက်မဲ့နှင့် စည်းကမ်းမဲ့ ကြော်ငြာဆိုင်းဘုတ်များကိုလည်း ဖြုတ်သိမ်း ပေးခဲ့တယ်"ဟု ဥက္ကဋ္ဌ ဦးခင်လှိုင်က ပြောသည်။ . (မောင်မောင်)






အခြားဆက်စပ်သတင်းများ