နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Samsung ၏ Galaxy Fit2 အသုံးပြုပြီး ကျန်းမာရေးလိုက်စားနိုင်

နိုဝင်ဘာ  ၁၀


ယနေ့ခေတ်တွင် အားကစားလှုပ်ရှားမှုများပြုလုပ်ခြင်း၊ Gym ဆော့ကစားခြင်းများကို ဂရုစိုက်လုပ်ဆောင်လာကြသူများ များပြားလာသည်။ ထိုသို့ ကျန်းမာရေးကို ဂရုပြုလိုက်စားခြင်းဖြင့် ကျန်းမာစွာနေထိုင်နိုင်သည့် ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်လာနိုင်မည်ဖြစ်သည်။ ကျန်းမာရေးအတွက် အားကစားလိုက်စားသူများတွင် ကစားနည်းမျိုးစုံ၊ ပုံစံမျိုးစုံတို့ဖြင့် ကစားလာကြသည်။

အဆိုပါ အားကစားနည်းများစွာကို ကစားရာတွင် အထောက်အကူဖြစ်စေမည့် Samsung ၏ Galaxy Fit2 အသုံးပြုပြီး ကစားနိုင်သည်။ အားကစားနည်းလမ်း အမျိုး ၉၀ ကျော်ထဲကမှ မိမိစိတ်ကြိုက် ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ အလေးမလေ့ကျင့်ခန်း စသဖြင့် အားကစားနည်း ၅ မျိုးကို အလိုအလျောက်လုပ်ဆောင်ချက်များ တွက်ချက်ခြင်းအပြင် အိပ်စက်ချိန်အတွင်း နှစ်ခြိုက်စွာအိပ်ပျော်နိုင် သည့် ကြာချိန်ကိုပါ တွက်ချက်ပေးနိုင်ခြင်း၊ တစ်ရက်တာ အကောင်းဆုံးဖြတ်သန်းချိန် စိတ်ဖိစီးမှုကို ထိန်းသိမ်းခြင်း၊ အချိန်နှင့်တစ်ပြေးညီ ဖုန်းဖြင့်ချိတ်ဆက်ပြီး သီချင်းပြောင်းခြင်း၊ Message reply လုပ်ခြင်းနှင့် Notification စသည်တို့ကိုလည်း ကြည့်ရှုနိုင်ပြီဖြစ်သည်။

ထို့ကြောင့် နေ့စဉ်အသုံးပြုလှုပ်ရှားမှုများစွာကို အကျိုးသက်ရောက်မှုများပေးစေနိုင်သည့် Samsung Galaxy Fit2 ကို အသုံးပြုသင့်သည်။ အဆိုပါ Samsung Galaxy Fit2 ၏ဈေးနှုန်းမှာ (၅၅,၀၀၀ ကျပ်) သာ ကျသင့်မည်ဖြစ်သောကြောင့် စျေးနှုန်းသင့်သည့် ပစ္စည်းတစ်ခုဖြစ်ပြီး နေ့စဉ်လူနေထိုင်မှုပုံစံအတွက် များစွာအထောက်အကူပြုသည့် နည်းပညာလျှပ်စစ်ပစ္စည်းတစ်မျိုးလည်းဖြစ်သည်။ 

(WP)






အခြားဆက်စပ်သတင်းများ