နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာမေးနီးယား၊ အဇာဘိုင်ဂျန်နှင့် ရုရှားနိုင်ငံတို့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို

နိုဝင်ဘာ ၁၀၊ မော်စကို


ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နာဂါနို-ကရာဘတ်ဒေသတွင် တိုက်ပွဲများ အဆုံးသတ်ရေးအတွက် အာမေးနီးယား၊ အဇာဘိုင်ဂျန်နှင့် ရုရှားနိုင်ငံတို့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့သည်။ ငြိမ်းချမ်းရေးစာချုပ်မှာ ယင်းကိုယ်တိုင်နှင့် အာမေးနီးယားပြည်နယ်များအတွက် အလွန်နာကျင်ရသည်ဟု အာမေးနီးယားဝန်ကြီးချုပ် နီကိုးပါရှင်ယန်က ပြောသည်။ အဇာဘိုင်ဂျန်နှင့် အာမေးနီးယားမျိုးနွယ်များကြား ရက်သတ္တခြောက်ပတ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။


အင်္ဂါနေ့နံနက် ဒေသစံတော်ချိန် ၁ နာရီအချိန်တွင် စတင်အကျုံးဝင်ခဲ့သည့် ငြိမ်းချမ်းရေးစာချုပ်အရ အဇာဘိုင်ဂျန်အနေဖြင့် တိုက်ပွဲကာလတွင် သိမ်းပိုက်နိုင်ခဲ့သည့် နယ်မြေများကို ထိန်းချုပ်ခွင့်ရရှိခဲ့သည့်အပြင် အာမေးနီးယားမျိုးနွယ်များအနေဖြင့် လာမည့်ရက်သတ္တပတ်များအတွင်း အဆိုပါနေရာနှင့် ဆက်စပ်ဒေသများမှ ဆုတ်ခွာပေးရန် သဘောတူညီခဲ့ရသည်။


နာဂါနို-ကရာဘတ်ဒေသကို နိုင်ငံတကာက အဇာဘိုင်ဂျန် နိုင်ငံပိုင်နက်အဖြစ် သတ်မှတ်ထားသော်လည်း ၁၉၉၄ ခုနှစ်ကတည်းက အာမေးနီးယားမျိုးနွယ်စုများက ထိန်းချုပ်ခဲ့သည်။ ပြီးခဲ့သည့်စက်တင်ဘာလတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အများအပြား ချုပ်ဆိုခဲ့သော်လည်း စာချုပ်အားလုံး ပျက်ပြယ်ခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ