နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်သမ္မတရွေးကောက်ပွဲ မပြီးဆုံးသေးကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ပြော

နိုဝင်ဘာ ၁၀၊ ဝါရှင်တန်


ပြီးခဲ့သည့်တနင်္လာနေ့က ကျင်းပခဲ့သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့် ရှိသူ မက်အီနာနီက အမေရိကန်သမ္မတရွေးကောက်ပွဲက မပြီးသေးကြောင်း ပြောခဲ့သည်။ အမေရိကန် သမ္မတရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဆိုသည့် စွပ်စွဲချက်များထွက်ပေါ်လျက်ရှိရာ ဂျိုးဘိုင်ဒင် အနိုင်ရခဲ့ပြီဆိုသည့် ရွေးကောက်ပွဲရလဒ်ကို ဥပဒေကြောင်းအရ ရင်ဆိုင်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မဟာမိတ်များက ဆိုသည်။


ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် ဂျိုးဘိုင်ဒင် အနိုင်ရပြီဟု အတည်မပြုနိုင်အောင် အရေးပေါ်တားမြစ်မိန့် ထုတ်ပြန်ပေးရန် ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က ပင်ဆယ်ဗေးနီးယားပြည်ထောင်စု တရားရုံးတွင် တရားစွဲဆိုခဲ့သည်။ အဆိုပါတရားစွဲဆိုမှုမှာ သက်သေအထောက်အထားမခိုင်လုံကြောင်း ပြည်နယ်အစိုးရရှေ့နေချုပ် ဂျို့ရှ်ရှာပီရိုက ပြောသည်။


သို့သော် ပြည်နယ်အစိုးရရှေ့နေ ၁၀ ယောက်က ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် တရားစွဲဆိုသည့် ဒေါ်နယ်ထရမ့်မဲဆွယ်စည်းရုံးရေးအဖွဲ့၏အမှုကို ထောက်ခံကြောင်း အထက်တရားရုံးချုပ်တွင် ထောက်ခံလွှာ တင်သွင်းခဲ့ကြသည်။ ပြီးခဲ့သည့်တနင်္လာနေ့တွင် အမေရိကန် တရားရေးဝန်ကြီးဌာနက သမ္မတရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ဖွယ်ရှိသည့် ကိစ္စမှန်သမျှကို စုံစမ်းစစ်ဆေးရန် အစိုးရရှေ့နေများကို လုပ်ပိုင်ခွင့်ပေးအပ်ခဲ့သည်ဟု New York Times သတင်းဌာနက ဖော်ပြပါတယ်။


''ပြီးခဲ့တဲ့ရွေးကောက်ပွဲရလဒ် တရားဝင်တယ်ဆိုတာကို လက်ခံဖို့ ၄ နှစ်လုံးလုံး ငြင်းဆန်ခဲ့သလို ဒီရွေးကောက်ပွဲမှာလည်း သူတို့ထပ်ရှုံးရင် ( သူတို့ရှုံးမှနော်) တရားမဝင်ဘူးလို့ ထပ်ပြောဦးမယ့်သူတွေက ‌ရွေးကောက်ပွဲ ကနဦးရလဒ်တွေကို သမ္မတက ချက်ချင်းလက်ငင်း ကြည်ကြည်ဖြူဖြူ လက်ခံပေးသင့်တယ်လို့ သြဝါဒလာမချွေကြနဲ့'' ဟု ရီပတ်ဗလစ်ကန်ပါတီ၏ အထက်လွှတ်တော် ခေါင်းဆောင် မစ်မက်ကွန်နဲလ်က ဒီမိုကရက်တစ်ပါတီဝင်များကို ဝေဖန်ခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ