နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဂျင်တီးနားသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဘိုလစ်ဗီးယားသမ္မတဟောင်း မိုရာလက်စ် မိခင်နိုင်ငံသို့ ပြန်ရောက်လာ

နိုဝင်ဘာ ၁၀၊ ဆူခရီ


လွန်ခဲ့သည့် တစ်နှစ်နီးပါးက အာဂျင်တီးနားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဘိုလစ်ဗီးယား သမ္မတဟောင်း မိုရာလက်စ်မှာ ဘိုလစ်ဗီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဘိုလစ်ဗီးယားသမ္မတရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဆိုသော စွပ်စွဲချက်များကြောင့် အစုလိုက်အပြုံလိုက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် မိုရာလက်စ်က သမ္မတရာထူးမှ နုတ်ထွက်ပြီး ဘိုလစ်ဗီးယားနိုင်ငံမှ တိမ်းရှောင်သွားခဲ့သည်။


ရွေးကောက်ပွဲတွင် ယင်း၏ Mas ပါတီ တစ်ကျော့ပြန်အနိုင်ရပါက ဘိုလစ်ဗီးယားနိုင်ငံသို့ ပြန်လာမည်ဟု ပြောခဲ့သည့် မိုရာလက်စ်မှာ အောက်တိုဘာလ ၁၈ ရက် ရွေးကောက်ပွဲတွင် Mas ပါတီ အနိုင်ရခဲ့ပြီးနောက် ဘိုလစ်ဗီးယားနိုင်ငံသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။ ဘိုလစ်ဗီးယားနိုင်ငံနယ်စပ်တွင် မိုရာလက်စ်ကို ထောက်ခံအားပေးသူရာပေါင်းများစွာက ကြိုဆို ခဲ့ကြသည်။ ဘိုလစ်ဗီးယားနိုင်ငံ၏ ပထမဆုံး တိုင်းရင်းသားသမ္မတဖြစ်သည့် မိုရာလက်စ်မှာ သမ္မတအဖြစ် ၁၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။


ရွေးကောက်ပွဲတွင် Mas ပါတီကို ဦးဆောင်ခဲ့သည့် လူးဝစ်အာစီက မိုရာလက်စ်နှင့် ခပ်ကင်းကင်းနေခဲ့ပြီး ယင်း၏အစိုးရအဖွဲ့တွင် မိုရာလက်စ် ပါဝင်မည်မဟုတ်ဟု ဆိုထား သည်။ သို့သော် မိုရာလက်စ်အနေဖြင့် နိုင်ငံရေးတွင် တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်လိမ့်မည်ဟု နိုင်ငံရေး သုတေသီများက ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ