နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Pfizer ကာကွယ်ဆေးမှာ COVID-19 ရောဂါကို ၉၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်စွမ်း ရှိ

နိုဝင်ဘာ ၁၀၊ လန်ဒန်


Pfizer ကာကွယ်ဆေးမှာ COVID-19 ရောဂါကို ၉၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်စွမ်းရှိသည့် ပထမဆုံး အာနိသင်ထိရောက်သည့် COVID-19 ကာကွယ်ဆေးဖြစ်ကြောင်း ကနဦးစမ်းသပ်မှုရလဒ်များတွင် ဖော်ပြထား သည်။ အဆိုပါရလဒ်ကို ကြေညာသည့်နေ့မှာ သိပ္ပံပညာနှင့် လူသားမျိုးနွယ်အတွက် နေ့ထူးနေ့မြတ်တစ်ရက် ဖြစ်သည်ဟု Pfizer နှင့် BioNTech ကုမ္ပဏီများက မှတ်ချက်ပေးခဲ့သည်။ Pfizer ကာကွယ်ဆေးကို နိုင်ငံ ၆ နိုင်ငံရှိ လူ ၄၃၅၀၀ ကို စမ်းသပ်မှုလုပ်ခဲ့ရာ ဘေးထွက်ဆိုးကျိုး အန္တရာယ်မတွေ့ခဲ့ပေ။


ယခုလကုန်တွင် အရေးပေါ်အသုံးပြုခွင့်ပေးရန် FDA ကို လျှောက်ထားမည်ဟု Pfizer နှင့် BioNTech ကုမ္ပဏီများက ပြောသည်။ ယခုကဲ့သို့ အချိန်တိုအတွင်း အာနိသင်ထက်မြက်လွန်းသည်ဟု အတည်ပြုနိုင်သည့် COVID-19 ကာကွယ်ဆေး မရှိခဲ့ဖူးပေ။ Pfizer ကာကွယ်ဆေးမှာ စိန်ခေါ်မှုများ ထပ်မံကြုံရဦးမည်ဖြစ်သော်လည်း ယခုကြေညာချက်ကြောင့် နွေဦးကာလတွင် ပုံမှန်နေထိုင်မှုဘဝမျိုး ပြန်ဖြစ်လာနိုင်သည်ဆိုသည့် သုံးသပ်ချက်များ ရှိနေသည်။


Pfizer ကာကွယ်ဆေးမှာ ၃ ပတ်ခြားပြီး ကာကွယ်ဆေး ၂ ကြိမ် ထိုးရန် လိုအပ်သည်။ အမေရိကန်၊ ဂျာမနီ၊ ဘရာဇီး၊ အာဂျင်တီးနား၊ တောင်အာဖရိကနှင့် တူရကီနိုင်ငံများတွင် ပြုလုပ်ခဲ့သည့် စမ်းသပ်ထိုးနှံမှု တွေအရ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီး ၇ ရက်အကြာမှာ ရောဂါပိုးကူးစက်မှုကို ၉၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်သည်ဟု တွေ့ရသည်။


သို့သော် ယခုထုတ်ပြန်ခဲ့သည့် အချက်အလက်များမှာ အပြီးသတ် မဟုတ်ဘဲ ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့သူများအနက် စေတနာ့ဝန်ထမ်း ၉၄ ယောက်၏ ရလဒ်များဖြစ်သည်။ အစောပိုင်းစမ်းသပ်ထိုးနှံမှုများအရ Pfizer ကာကွယ်ဆေးမှာ ပဋိပစ္စည်းနှင့် T-cells ဟုခေါ်သည့် ကိုယ်ခံအားစနစ်က ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ဖျက်နိုင်အောင် လေ့ကျင့်ပေးသည့်ပုံစံမျိုးဖြစ်သည်။



Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ