နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေငုပ်သင်္ဘောပေါ်သို့ တက်လာသည့် ဝက်ဝံသားအမိကို ပစ်သတ်ခဲ့သည့်လုပ်ရပ်အတွက် ရုရှားရေတပ် ကာကွယ်

နိုဝင်ဘာ ၁၀၊ မော်စကို


နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောပေါ်တွင် မိခင်ဝက်ဝံမကြီးနှင့် သားပေါက်လေးကို ပစ်သတ်ခဲ့ သည့် လုပ်ရပ်အတွက် လူမှုကွန်ရက်ပေါ်တွင် မကျေနပ်ချက်များ ဖြစ်ပေါ်ခဲ့ပြီးနောက် ရုရှားရေတပ်က အဆိုပါလုပ်ရပ်ကို ကာကွယ်သွားခဲ့သည်။ ရုရှားနိုင်ငံအရှေ့ပိုင်း ကမ်ချက်ကာဒေသရှိ ဗီယုချင်ရေတပ် အခြေစိုက်စခန်းကမ်းလွန်ဘက်တွင် ကျောက်ချထားသည့် ရေငုပ်သင်္ဘောပေါ်သို့ ဝက်ဝံသားအမိ တက်လာ ခြင်းကြောင့် အသေဖမ်းဆီးရုံမှတပါး အခြားရွေးချယ်စရာ နည်းလမ်းမရှိကြောင်း ရုရှားရေတပ်က ပြောသည်။


ရေငုပ်သင်္ဘောပေါ်တွင် ဝက်ဝံသားအမိ ပစ်သတ်ခံရသည့် ရုပ်သံမှတ်တမ်း ထွက်ပေါ်လာခဲ့ပြီးနောက် ရုရှားရေတပ်အနေဖြင့် မလိုအပ်ဘဲ ရက်စက်ခဲ့သည်ဟု လူမှုကွန်ရက် အသုံးပြုသူ ရာပေါင်းများစွာက စွပ်စွဲခဲ့ကြသည်။ အဆိုပါရုပ်သံမှတ်တမ်းမှာ နိုဝင်ဘာလ ၈ ရက်က ထွက်ပေါ်လာခြင်းဖြစ်သော်လည်း ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်ရက်ကို တိတိကျကျ မသိရသေးပေ။


ကမ်ချက်ကာကျွန်းဆွယ်တွင် ဝက်ဝံအကောင်ရေ ၂၄၀၀၀ နီးပါး ကျက်စားပြီး ကမ်းခြေများတွင် မကြာခဏ မြင်တွေ့ရလေ့ရှိသည်။ ပြီးခဲ့သည့်နှစ်ကလည်း ရုရှားနိုင်ငံမြောက်ဖျားရှိ ရွာတစ်ရွာသို့ ပိုလာဝက်ဝံအကောင်ရေ ၅၀ ကျော် ရောက်လာခဲ့ဖူးသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ