နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အညာဒေသထွက် ဖန်းခါးသီး ဖြိုးဖြိုးဖြောက်ဖြောက်ပေါ်ချိန် စျေးကောင်းရ

ရေနံချောင်း နိုဝင်ဘာ ၁၀


ဆေးဖက်ဝင်နှင့်ရာသီစာ အတို့အမြုပ်အဖြစ် စားသုံးသော ဖန်းခါးသီးများဖြိုးဖြိုးဖြောက်ဖြောက်ပေါ်နေ ပြီး ကုန်စိမ်းစျေးကွက်၌ ဝင်ရောက်လျက်ရှိရာ စျေးကောက်းရနေကြောင်း နတ်မောက်မြို့နယ်နှင့် ရေနံချောင်း မြို့ကုန်စိမ်းစျေးကွက်မှ သိရသည်။

နတ်မောက်၊ မကွေး၊ ရေနံချောင်းမြို့နယ်ရှိကျေးရွာအချို့မှ ဖန်းခါးသီးများ ဝင်ရောက်ကြောင်း ဆေးဖက်ဝင်နှင့် ရာသီစာအဖြစ် စားသုံးကြကြောင်း ရေနံချောင်းမြို့မှ ကုန်စိမ်းရောင်းဝယ်သူ မအေးဝင်းက ပြောသည်။

လက်ရှိဖန်းခါးသီး နို့ဆီဘူးတစ်ဘူးလျှင် ကျပ်၂၀၀ ရှိပြီး တစ်ပြည်လျှင် ကျပ် ၁၅၀၀ ပေါက်စျေးရှိကြောင်း ယခင်နှစ်ကာလတူမှာ တစ်ပြည်လျှင် ကျပ် ၁၀၀၀ ဝန်းကျင်သာရှိကြောင်း သိရသည်။

ဒေသထွက်ဖန်းခါးသီးကို ကျောက်ပန်းတောင်း၊ မကွေးမြို့သို့ ရောင်းချကြကြောင်း အပင်ပိုင်ရှင် အချို့ဝင်ငွေရနေကြကြောင်း သိရသည်။ ဖန်းခါးသီးစိမ်းကို အတို့အမြုပ်အဖြစ်လည်းကောင်း၊ ဆေးဖက်ဝင်အဖြစ်လည်းကောင်း စားသုံးကြသည့်အပြင် ဖန်းခါးသီးအခြောက်ကိုလည်း ဆေးဖက်ဝင်အဖြစ် အသုံးပြုသောကြောင့် ဆေးဖက်ဝင်ကြောင်း သိရသည်။

ဆန်းညွန့်  ရေနံချောင်း






အခြားဆက်စပ်သတင်းများ