နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မှတ်တမ်းအသစ်တွေ ရေးထိုးလိုက်ပြန်တဲ့ မန်ယူကွင်းလယ်ကစားသမား ဖာနန်ဒက်စ်

နိုဝင်ဘာ  ၁၀


ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲဖြစ်တဲ့ မန်ယူနဲ့ အဲဗာတန်တို့ပွဲမှာ မန်ယူက ၁−၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲစဉ်ဟာ အသင်းအတွက် လိုအပ်တဲ့ ရမှတ်တွေဖြည့်ပေးသလို နည်းပြဆိုးရှားလ်အတွက်လည်း အရေးပါတဲ့ နိုင်ပွဲတစ်ခုပါ။ ဒီပွဲရဲ့ ဇာတ်လိုက်ဖြစ်သွားတာက ဖာနန်ဒက်စ်ပါ။ သူဟာ အသင်းအတွက် ၂ ဂိုးသွင်းပေးသလို ဂိုးဖန်တီးမှုတစ်ကြိမ်လည်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်ယူတို့ အဆင့် ၁၆ ကနေ ၁၃ နေရာ ရောက်ကာ ပွဲကျန်တစ်ပွဲလည်း ကျန်နေပါသေးတယ်။ ပေါ်တူဂီကြယ်ပွင့် ဖာနန်ဒက်စ်ဟာ အသင်းအတွက် ပရီးမီးယားလိဂ်ပွဲ ၇ ပွဲ ပါဝင်ကစားရာမှာ ၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၃ ကြိမ်အထိဆောင်ရွက်နိုင်ခဲ့ပါတယ်။ အချက်အလက်မှတ်တမ်းများအရဆိုရင် ဖာနန်ဒက်စ်ဟာ မန်ယူအသင်းမှာ ၁၀ ပွဲမြောက် ပရီးမီးယားလိဂ်ပွဲစဉ် ရှိလာခဲ့ကြောင်းနဲ့ ဒီ ၁၀ ပွဲမှာ ၁၅ ဂိုးထိ ပါဝင်ပတ်သက်မှုနှုန်းရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့သမိုင်းမှာ ဘယ်ကစားသမားမှ မစွမ်းဆောင်နိုင်သေးတဲ့ စွမ်းဆောင်ရည်တစ်ခုဖြစ်ကြောင်း သိရပါတယ်။ မန်ယူအသင်းကို ရောက်ရှိချိန်မှစကာ လက်ရှိအချိန်အထိ ပင်နယ်တီသွင်းဂိုးမပါဘဲ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံး ကွင်းလယ်ကစားသမားအဖြစ် ၇ ဂိုးနဲ့ မှတ်တမ်းဝင်နေကြောင်း သိရပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ