နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပြကလော့ရဲ့ ခံစစ်အတွက် အပူမီးနောက်တစ်ခုက အာနိုးလ်ရဲ့ဒဏ်ရာပါ

နိုဝင်ဘာ  ၁၀


ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲအဖြစ် မန်စီးတီးနဲ့ လီဗာပူးတို့ ယှဉ်ပြိုင်ကစားကြရာမှာ ၁−၁ ရလဒ်နဲ့ သရေကျခဲ့ပါတယ်။ လီဗာပူးလ်အတွက် အဝေးကွင်းဖြစ်တာကြောင့် စိတ်ကျေနပ်စရာတော့ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စိတ်ပျက်စရာကတော့ အဓိကညာနောက်ခံကစားသမား အာနိုးလ် ဒဏ်ရာရသွားတဲ့ပြဿနာပါပဲ။ လီဗာပူးရဲ့နောက်တန်းက လက်ရှိမှာ ဗန်ဒိုက်၊ ဖာဘင်ဟိုတို့ ဒဏ်ရာရနေတာကနေ ခု အာနိုးလ်ကပါ ထပ်ပြီး ဒဏ်ရာရခဲ့တာပါ။ လီဗာပူးလ်ခံစစ်မှာ ကစားသမား ၆ ဦးသာရှိပြီး ခု ၃ ဦးဒဏ်ရာရတော့ နောက်ပွဲစဉ်တွေအတွက် အခက်အခဲနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ကံကောင်းတဲ့အချက်တစ်ခုကတော့ လာမယ့်ပတ်မှာ နိုင်ငံပွဲစဉ်တွေ ကစားရမှာဖြစ်တော့ အာနိုးလ်ဒဏ်ရာကိုကုသဖို့ အချိန်ရသွားခဲ့ပါတယ်။ 

ကလော့က “အာနိုးလ်ရဲ့ဒဏ်ရာကို ဆေးစစ်မှုတွေပြုလုပ်သွားမှာဖြစ်ပြီး အင်္ဂလန်အသင်းရဲ့ ပွဲစဉ်တွေ လွဲချော်မှာပါ။ သူဘာဒဏ်ရာရခဲ့သလဲဆိုတာစစ်ဆေးကြည့်ရဦးမှာပါ။ အာနိုးလ်က အင်္ဂလန်နည်းပြ ဆောက်ဂိတ် မရွေးနိုင်မယ့် ပထမဦးဆုံးကစားသမားတော့ မဟုတ်သလို နောက်ဆုံးကစားသမားလည်းဖြစ်မယ်မထင်ပါဘူး။ မနက်ဖြန်စစ်ဆေးမှုတွေလုပ်ပါ့မယ်။ ပြီးရင်တော့ ဘယ်လောက်အနားယူရမယ်၊ ဘယ်လိုဆေးကုရမယ်ဆိုတာသိရမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ