နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အေစီမီလန်အသင်းက ခံစစ်ကစားသမား ဒါလော့ကို အပြီးသတ်ခေါ်ယူရန် စီစဉ်

နိုဝင်ဘာ  ၁၀


အေစီမီလန်အသင်းသည် မန်ယူအသင်းမှ အငှားစာချုပ်ဖြင့် ခေါ်ယူထားသည့် ခံစစ်ကစားသမား ဒါလော့ကို အပြီးသတ်စာချုပ်ချုပ်ဆို၍ ခေါ်ယူသွားရန် စီစဉ်နေကြောင်း သိရသည်။

ဒါလော့သည် မန်ယူအသင်းတွင် ပုံမှန်ခြေစွမ်းပြသနိုင်ခြင်းမရှိသောကြောင့် အေစီမီလန်အသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီးအေစီမီလန်အသင်းတွင် အကောင်းဆုံးခြေစွမ်းပြသကစားနိုင်သောကြောင့် ယင်းကိုအပြီးသတ်ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။

သို့သော် မန်ယူအသင်းသည် အသက် ၂၁ နှစ်အရွယ်ရှိဒါလော့ကိုအသင်း၏အနာဂတ်အတွက် ဆက်လက် ထိန်းသိမ်းသွားရန် ဆုံးဖြတ်ထားကြောင်းသိရသည်။

မန်ယူအသင်းသည် ဒါလော့ကိုအေစီမီလန်အသင်းသို့ အငှားစာချုပ်ဖြင့် စေလွှတ်ထားသော်လည်း အငှား စာချုပ်တွင် အပြီးသတ်ခေါ်ယူနိုင်မည့် သဘောတူညီချက်ကို ထည့်သွင်းချုပ်ဆိုထားခြင်းမရှိသည့်အတွက် အေစီမီလန်အသင်းအနေဖြင့် ယင်းကိုခေါ်ယူနိုင်ရန် မန်ယူအသင်းနှင့် ဆွေးနွေးရဖွယ်ရှိနေသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ