နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်ဟာ ဗီလာနဲ့ပွဲမှာ အရှုံးနဲ့ထိုက်တန်အောင် ညံ့ဖျင်းကြောင်း ပြောဆိုတဲ့ နည်းပြ အာတီတာ

နိုဝင်ဘာ  ၁၀


ပရီးမီးယားလိဂ်ပွဲစဉ် ၈ ရဲ့ အာဆင်နယ်နဲ့ အက်စ်တွန်ဗီလာတို့ပွဲမှာ ၀−၃ ရလဒ်နဲ့ အာဆင်နယ်တို့ မရှုမလှရှုံးနိမ့်ခဲ့ကြပါတယ်။ အာဆင်နယ်နည်းပြ မီခေးအာတီတာက အက်စတွန်ဗီလာနဲ့ယှဉ်ပြိုင်ခဲ့တဲ့ သူ့အသင်းရဲ့ကစားပုံက ရှုံးဖို့ထိုက်တန်လောက်အောင်ကို အလွန်ညံ့ဖျင်းကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။ အာဆင်နယ်တို့ လက်ရှိခြေစွမ်းတွေပြသနေတဲ့ ဗီလာအသင်းကို အဖက်ဖက်က မယှဉ်နိုင်ဖြစ်ပြီး အိမ်ကွင်းမှာ ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ပါတယ်။ 

ဒီရှုံးနိမ့်မှုနဲ့ပတ်သက်ပြီး အာတီတာက “ကျွန်တော်တို့ သူတို့ကို အဖက်ဖက်က အရေးနိမ့်ခဲ့တာပါ။ အခွင့်အရေးဖန်တီးရင်တောင်မှ လိုချင်တဲ့နေရာမရောက်တဲ့အထိ ဆိုးရွားနေတာပါ။ စုစည်းမှု တော်တော်လေး ပျက်နေတာပါ။ ကျွန်တော့်အသင်းသားတွေတင်မကပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒီကိစ္စကနေ ပြန်လည်ရုန်းထွက်နိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်နည်းပြဖြစ်ပြီးကတည်းက ဒီလိုကစားပုံမျိုးကို ကျွန်တော် ပထမဆုံးမြင်ဖူးတာပါ”လို့ ဆိုသွားခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ အဆင့်  ၁၁ မှာ ရပ်တည်နေပါတယ်။ အာဆင်နယ်ဟာနိုင်ငံတကာပွဲစဉ်တွေပြီးရင် တန်းတက်အသင်းတစ်သင်းဖြစ်တဲ့ လိဒ်ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်သွားရမှာပါ။

(SO)






အခြားဆက်စပ်သတင်းများ