နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရီးရဲလ်ရဲ့ ပင်နယ်တီလေးကြိမ်နဲ့ OG တစ်ဂိုးပါပေးပြီးအရှုံးရလဒ်ပိုင်ဆိုင်ခဲ့ရတဲ့ပွဲ

နိုဝင်ဘာ  ၁၀


ရီးရဲလ်အသင်းဟာ လာလီဂါပွဲအဖြစ် အဝေးကွင်းမှာ ဗလင်စီယာတို့ကို ၄−၁ ရလဒ်နဲ့ အရှက်တကွဲရှုံးခဲ့ရတာ ကြောင့် ဇယားထိပ်ကရီးရဲလ်ဆိုဆီဒက်စ်နဲ့ ၄ မှတ်ကွာပြီးအဆင့် ၄ မှာရပ်တည်ခဲ့ရပါတယ်။ ဒီပွဲမှာ ရီးရဲလ်ရဲ့ နောက်တန်းက ဗလင်စီယာတို့ကို ပင်နယ်တီလေးကြိမ်နဲ့ OG တစ်ဂိုးပေးခဲ့တာကြောင့် ရီးရဲလ်ဟာ ဟူစကာနဲ့ အင်တာမီလန်တို့ကို ၂ ပွဲဆက်ပြန်အနိုင်ယူခဲ့လို့ ဖိအားလျှော့ချပြီးနောက် အခုတစ်ခါ ဖိအားပြန်လည် ဝင်ရောက်လာခဲ့တဲ့ပွဲပဲဖြစ်ပါတယ်။ ၂၃ မိနစ်မှာ မာဆယ်လိုရဲ့ ဖန်တီးမှုကနေ ဘန်ဇီးမားက အဆုံးသတ် ဂိုးသွင်းခဲ့တာကြောင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဗလင်စီယာကလည်း ပင်နယ်တီတစ်ကြိမ်လွဲခဲ့ပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ အရှက်တကွဲရှုံးခဲ့ရတာနဲ့ပတ်သက်ပြီး ပွဲအပြီးမှာ ဇီဒန်းက “ဂိုးရပြီးတဲ့နောက် အသင်းရဲ့ နောက်တန်းကို အနည်းငယ်ပိုဆင်းစေခဲ့ပြီး ကျွန်တော်တို့ လုပ်နေတာက ပြောင်းလဲမှုလုပ်နေတာပါ။ တရားမျှတစွာပြောရရင် အရာရာတိုင်းက ကျွန်တော်တို့ဆီကို ဆိုက်ရောက်လာတာပါပဲ။ ဒီနေ့ ကျွန်တော်တို့ ကစားသွားတဲ့အပေါ် နားလည်နိုင်ဖို့ တော်တော်လေးခက်ပါတယ်။ ဒါပေမယ့် ကျွန်တော် တာဝန်ယူရမဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် အဖြေတွေရှာရတော့မှာဖြစ်လို့ပါ။ ဆင်ခြေဆင်လက် ဆိုတာ ဘောလုံးမှာ မရှိပါဘူး။ ကျွန်တော် နောက်တန်းကို ပိုအားစိုက်ခဲ့ပါတယ်။ ဒီနေ့မှာ အရာရာက အစုလိုက်အပြုံလိုက်ဖြစ်လာတာပါ။ အရင်နောက်တန်းမျိုး ဒီနေ့ဖြစ်မနေပါဘူး။ မာဆယ်လိုနဲ့ အစ္စကိုတို့ဟာ လည်း ရီးရဲလ်မက်ဒရစ်ကစားသမားတွေပါ။ ဒါကြောင့် ပွဲထွက် ၁၁ ဦးထဲမှာ ရွေးချယ်ခဲ့တာပါ”လို့ ပြောဆို ခဲ့ပါတယ်။  

 (SO)






အခြားဆက်စပ်သတင်းများ