နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Ballon D’or ဆုအတွက်ဆိုရင် တိုက်စစ်မှူးဖြစ်ဖို့လိုတယ်လို့ ပြောတဲ့ ဂျိုရှုအာကင်းမစ်

နိုဝင်ဘာ  ၉


ဂျိုရှုအာကင်းမစ်ဟာ ၂၀၀၇ စတုဂတ်လူငယ်အသင်းမှာ ကစားသမားဘဝစခဲ့ပြီး ပရိုကစားသမားဘဝ ကိုတော့ လိုက်ဇစ်နဲ့ စခဲ့တာပါ။ ၂၀၁၅−၁၆ ရာသီမှာ ဘိုင်ယန်ကို ရောက်လာပြီး ပွဲဦးထွက်အဖြစ် DFB- Pokal ပြိုင်ပွဲမှာ ကစားခဲ့ရတာပါ။ ဒီပွဲမှာ ခြေစွမ်း ပြနိုင်လို့ တဖြည်းဖြည်းနဲ့ နေရာရလာတာပါ။ ဘိုင်ယန်မှာ ဖီးလစ်လမ်း မရှိတော့ ညာနောက်ခံနေရာကို ဝင်ကစားရတာပါ။ ခံစစ်တင်မကဘဲ တိုက်စစ်ပါ လိုက်ပါကစားပေးရပါတယ်။ ဂိုးတွေလည်းသွင်းယူနိုင်ခဲ့ပါတယ်။ နောက် အသင်းရဲ့လိုအပ်ချက်အရ ကွင်းလယ်ခံစစ်ကို ပြောင်းကစားပေးရပြီး စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ခုတော့ ကင်းမစ်ဟာ ဂျာမနီရဲ့ တောက်ပတဲ့ ကြယ်တစ်ပွင့်၊ ဘိုင်ယန်ရဲ့ မရှိမဖြစ် ကစားသမားတစ်ဦးပါ။ အသက် ၂၅ နှစ်သာရှိပေမယ့် ဂျာမနီအတွက် ပွဲ ၅၀ ကစားပေး ခဲ့ပြီး ဘိုင်ယန်အတွက် ပွဲ ၁၅၀ ကျော်ကစားခဲ့ကာ ဘွန်ဒက်လီဂါချန်ပီယံ ၅ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် UEFA စူပါကပ်တစ်ကြိမ်၊ ဂျာမနီနဲ့အတူ ဖီဖာကွန်ဖရက်ဒေးရှင်းကပ် တစ်ကြိမ်ရရှိအောင်မြင်ထားသူပါ။ ကင်းမစ်အသက်အရွယ်အရ အတော်လေးအောင်မြင်တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် မက်ဆီ၊ ရော်နယ်ဒိုခေတ်လွန် Ballon D’or ဆုအတွက် ရေပန်းစားတဲ့စာရင်းထဲမှာ မပါဝင်ခဲ့ပါဘူး။ ဒါဟာ တိုက်စစ်မှူးတစ်ဦးမဟုတ်လို့ ဖြစ်နိုင်ပါတယ်။ ကင်းမစ်ဟာ ချန်ပီယံလိဂ်အကောင်းဆုံးနောက်ခံလူဆုရရှိခဲ့ပါတယ်။ 

ကင်းမစ်က “ ခေတ်အဆက်ဆက် Ballon D’or အတွက် တိုက်စစ်မှူးတွေသာ ထိပ်ဆုံးကရေပန်းစားခဲ့ကြတော့ ဒီဆုအတွက် ဆန်ခါတင်စာရင်းဝင်ချင်ရင် တိုက်စစ်မှူးအဖြစ် ပြောင်းဆော့ရတော့မယ်”လို့ ရင်ဖွင့်ခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ