နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်ဧကရာဇ်၏ ညီကို ထီးနန်းဆက်ခံမည့် အိမ်ရှေ့မင်းသားအဖြစ် တရားဝင် သတ်မှတ်

နိုဝင်ဘာ ၉၊ တိုကျို


တိုကျိုမြို့တွင် ကျင်းပခဲ့သည့် အခမ်းအနားတွင် ဂျပန်ဧကရာဇ် နာရူဟီတို၏ ညီဖြစ်သူ ဖူမီဟီတိုကို ထီးမွေနန်းလျာဆက်ခံမည့် အိမ်ရှေ့မင်းသားအဖြစ် တရားဝင် သတ်မှတ်ကြေညာခဲ့သည်။ နာရူဟီတိုမှာ ပြီးခဲ့သည့်နှစ်တွင် ခမည်းတော် အက်ကီဟီတို ထီးနန်းစွန့်လွှတ်ခဲ့ပြီးနောက် ဂျပန်ဧကရာဇ် ဖြစ်လာခဲ့ပြီး ညီဖြစ်သူ ဖူမီဟီတိုထက် အသက် ၆ နှစ်ကြီးသည်။


ဂျပန်ဘုရင် နာရူဟီတိုတွင် သမီးသာရှိပြီး ထီးနန်းဆက်ခံမည့် သားယောကျ်ားလေးမရှိပေ။ ထီးနန်းအရိုက်အရာ ဆက်ခံရေးတွင် ပြုပြင်ပြောင်းလဲမှုလုပ်ရန် တိုက်တွန်းထား သော်လည်း သမီးမိန်းကလေးကို ထီးနန်းဆက်ခံခွင့်မပြုပေ။ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေခြင်းကြောင့် Rikkoshi no rei (ထီးမွေနန်းလျာ ဆက်ခံမည့်သူ အတည်ပြုကြေညာရေး) အခမ်းအနားကို ၇ လကြာ ဆိုင်းငံ့ခဲ့ရသည်။


အဆိုပါအခမ်းအနားကို တော်ဝင် မိသားစုနှင့် ဧည့်သည်တော် ၄၆ ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနား တက်ရောက်လာသူအများစုမှာ နှာခေါင်းစည်းများ တပ်ဆင်ကာ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြသည်။ ဂျပန်ဧကရာဇ် နာရူဟီတိုက ဖူမီဟီတိုကို အိမ်ရှေ့စံမင်းသားအဖြစ် သတ်မှတ်ကြေညာခဲ့ပြီး အသိအမှတ်ပြုဓား ပေးအပ်ခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ