နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘန်ကောက်မြို့တွင် ချီတက်ဆန္ဒပြသည့် လူအုပ်ကြီးကို ရဲတပ်ဖွဲ့က မီးသတ်ပိုက်ဖြင့် လူစုခွဲ

နိုဝင်ဘာ ၉၊ ဘန်ကောက်


ဘန်ကောက်မြို့မှာ ချီတက်ဆန္ဒပြသည့် လူအုပ်ကြီးကို ရဲတပ်ဖွဲ့က မီးသတ်ပိုက်ဖြင့် လူစုခွဲခဲ့သည်။ ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ လူ ၁၀၀၀၀ နီးပါးရှိသည့် လူအုပ်ကြီးမှာ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းကို သတင်းစကားပါးသည့်အနေဖြင့် တော်ဝင်နန်းတော်သို့ ချီတက်ခဲ့ကြသည်။ ထိုင်းနိုင်ငံတွင် ဆန္ဒပြပွဲများ လပေါင်းများစွာ ဖြစ်ပွားလျက်ရှိရာ ရဲတပ်ဖွဲ့က မီးသတ်ပိုက်အသုံးပြုခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။ သို့သော် မီးသတ်ပိုက်ကို မိုးပေါ်ထောင်၍ ပက်ဖျန်းခဲ့ခြင်းဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်ရန် မရည်ရွယ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။


 ပြီးခဲ့သည့်ဇူလိုင်လကတည်းက ထိုင်းနိုင်ငံတွင် အစိုးရပြုပြင်ပြောင်းလဲရေးလုပ်ရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။ ဆန္ဒပြသူများက အာဏာသိမ်းခေါင်းဆောင်ဖြစ်သည့် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ နုတ်ထွက်ပေးရေး၊ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ ဝေဖန်သူများအပေါ် အနိုင်ကျင့်မှု အဆုံးသတ်ရေး စသည့်အချက်များ တောင်းဆိုခဲ့သည်။


ထို့အပြင် ထိုင်းဘုရင်၏ လုပ်ပိုင်ခွင့်အာဏာများကိုလည်း မေးခွန်းထုတ်ခဲ့သည်။ တော်ဝင်မိသားစုကို ဝေဖန်ခြင်းမပြုရန် တားမြစ်ထားသည့် ထိုင်းနိုင်ငံ၏ တော်ဝင်ဥပဒေမှာ ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံးဖြစ်သည်။ ဘန်ကောက်မြို့တွင် ချီတက်လာသည့် ဆန္ဒပြသူများကို တားဆီးရန်အတွက် ထိုင်းရဲတပ်ဖွဲ့က သံဆူးကြိုးခွေများ၊ ဘတ်စ်ကားများဖြင့် ပိတ်ဆို့ခဲ့သည်။ ချီတက်လာသူများက လက်ရေးစာရွက်များ ယူဆောင်လာပြီး ထိုင်းဘုရင်အနေဖြင့် နိုင်ငံရေးတွင် ဝင်မစွက်ဖက်ရန် တောင်းဆိုခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ