နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗျူဟာအရ အရေးပါသည့် မြို့ကို သိမ်းပိုက်နိုင်ခဲ့ဟု အဇာဘိုင်ဂျန်သမ္မတ ပြော

နိုဝင်ဘာ ၉၊ ယီရီဗန်


ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နာဂါနို-ကရာဘတ်ဒေသရှိ အဓိကကျသည့် မြို့တစ်မြို့ကို သိမ်းပိုက်ခဲ့ကြောင်း အဇာဘိုင်ဂျန်နိုင်ငံ သမ္မတက ပြောသည်။ အာမေးနီးယားနိုင်ငံတွင် ရှုရှီဟု လူသိများသည့် ရှုရှာမြို့ကို အဇာဘိုင်ဂျန် တပ်ဖွဲ့များက သိမ်းပိုက်ခဲ့ကြောင်း ပြီးခဲ့သည့်တနင်္ဂနွေနေ့က ရုပ်သံမိန့်ခွန်း ပြောကြားမှုတွင် အဇာဘိုင်ဂျန်သမ္မတ အလီယက်ဇ်က ကြေညာခဲ့သည်။


သို့သော် ရှုရှာမြို့ သိမ်းပိုက်ခံရသည်ဆိုသည့်သတင်းကို အာမေးနီးယားနိုင်ငံက ငြင်းဆန်ခဲ့ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဟု ဆိုသည်။ ဗျူဟာအရ အရေးပါသည့် ရှုရှာမြို့ကို သိမ်းပိုက်နိုင်ပါက လာမည့်တိုက်ပွဲများတွင် အဇာဘိုင်ဂျန်နိုင်ငံအတွက် အဓိကအောင်ပွဲတစ်ရပ် ဖြစ်လာဖွယ်ရှိသည်။ နာဂါနို-ကရာဘတ်ဒေသကို နိုင်ငံတကာက အဇာဘိုင်ဂျန်နိုင်ငံ ပိုင်နက်အဖြစ် သတ်မှတ်ထားသော်လည်း အာမေးနီးယားအစိုးရ၏ ထောက်ခံမှု ရရှိထားသည့် အာမေးနီးယားမျိုးနွယ်များက ထိန်းချုပ်ထားသည်။


နာဂါနို-ကရာဘတ်ဒေသနှင့်ပတ်သက်၍ အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့ကြား ၆ နှစ်ကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေးစာချုပ်ဖြင့် စစ်ရပ်စဲခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်စက်တင်ဘာလက နှစ်နိုင်ငံတပ်ဖွဲ့များ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ ရှုရှာမြို့မှာ နာဂါနို-ကရာဘတ်မြို့တော် စတီပါနာကက်မြို့ကို အပေါ်စီးမှ မြင်ရသည့် တောင်ကုန်းပေါ်တွင် တည်ရှိပြီး အာမေးနီးယားပိုင်နက်နှင့် စတီပါနာကက်မြို့ကို ဆက်သွယ်ထားသည့် လမ်းပေါ်တွင်ရှိ၍ ဗျူဟာအရ အရေးပါသည့်နေရာဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ