နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျိုးဘိုင်ဒင် အနိုင်ရခဲ့ပြီးနောက် ဂျပန်နိုင်ငံ၏ရှယ်ယာများ နှစ် ၃၀ နီးပါးအတွင်း အမြင့်ဆုံးဖြစ်လာ

နိုဝင်ဘာ ၉၊ တိုကျို


အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင် အနိုင်ရခဲ့ပြီးနောက် ရှယ်ယာဈေးကွက်ပြန်ဖွင့်သည့် ပထမဆုံးနေ့တွင် ဂျပန်နိုင်ငံ၏ရှယ်ယာများမှာ နှစ် ၃၀ နီးပါးအတွင်း အမြင့်ဆုံးဖြစ်လာခဲ့သည်။ ဂျပန်နိုင်ငံ၏ အဓိကရှယ်ယာဈေးကွက်ဖြစ်သည့် Nikkei 225 မှာ ၁၉၉၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာရှဈေးကွက်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။


သြစတြေးလျ၊ တရုတ်နှင့်ဟောင်ကောင် စသည့်အာရှတိုက်တစ်ဝန်းမှ စတော့ရှယ်ယာဈေးကွက် များလည်း ပြန်လည်ဦးမော့လာကြောင်း တွေ့ရသည်။ အမေရိကန်နိုင်ငံ ရွေးကောက်ပွဲတွင် စာတိုက်မဲ များကြောင့် ကြန့်ကြာမှုများ ဖြစ်ပွားခဲ့ရာ ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ မတင်မကျ ဖြစ်ပွားခဲ့ ပြီးနောက် အာရှဒေသမှ ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်ပူပန်ခဲ့ကြသည်။


သို့သော် ယခုအခါတွင် ဂျိုးဘိုင်ဒင် ဦးဆောင်မည့် အမေရိကန်အစိုးရသစ်က ဘဏ္ဍာရေးထောက်ပံ့မှုများကို တိုးမြှင့်ပြီး COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု လျှော့ချရေးစည်းမျဉ်းများ ပိုမိုချမှတ်သွားလိမ့်မည်ဟု မျှော်မှန်းထားကြသည်။ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင် အနိုင်ရရှိခြင်းမှာ ကုန်စည်ကူးသန်းမှုနှင့် နည်းပညာမူဝါဒ အတွက် အပြုသဘောဆောင်သည်ဟု တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများက ယူဆနေကြသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ