နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူအေအီးနိုင်ငံတွင် သိက္ခာဆယ်သတ်ဖြတ်မှုများကို ကြီးလေးသည့်ပြစ်ဒဏ် ချမှတ်တော့မည်

နိုဝင်ဘာ ၈၊ အဘူဒါဘီ

ယူအေအီးနိုင်ငံတွင် အစ္စလာမ်ဥပဒေများကို အလုံးစုံပြင်ဆင်ပြောင်းလဲမှု တစ်စိတ်တစ်ပိုင်းအဖြစ် မိသားစုဝင်များက အမျိုးသမီးများကို သတ်ဖြတ်မှုအတွက် ကြီးလေးသည့် ပြစ်ဒဏ် ချမှတ်တော့မည်ဖြစ်သည်။ သိက္ခာဆယ် သတ်ဖြတ်မှုဟု ခေါ်ဆိုကြသည့် သတ်ဖြတ်မှုများအတွက် တရားသူကြီးများက သက်ညှာ သည့်ပြစ်ဒဏ် ချမှတ်ခွင့်ပြုသည့်ဥပဒေကို ပြင်ဆင်ပြောင်းလဲသွားမည်ဟု ယူအေအီးအစိုးရက ပြောသည်။

ဆွေမျိုးသားချင်းများကို အရှက်ရစေသည်ဆိုသည့် အမျိုးသမီးများကို သတ်ဖြတ်ခြင်းအား သိက္ခာဆယ်သည့် လူသတ်မှုဟု သတ်မှတ်ပြီး ပြစ်ဒဏ်သက်ညှာလေ့ရှိသည်။
သို့သော် လက်ရှိအချိန်မှစ၍ အဆိုပါပြစ်မှုများကို လူသတ်မှုအဖြစ် သတ်မှတ်တော့မည်ဖြစ်ကြောင်း ယူအေအီးအစိုးရက ပြောသည်။ မိသားစုကို အရှက်ရစေသည်ဟု သတ်မှတ်ခံရခြင်းကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်နှစ်တိုင်း အမျိုးသမီးထောင်ပေါင်းများစွာ အသတ်ခံနေရသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

အိမ်ထောင်မပြုမီ အတူအိပ်ခြင်းမှာ သိက္ခာဆယ် လူသတ်မှုများ ပေါ်ပေါက်စေသည့် အကြောင်းရင်း တစ်ရပ်ဟု ဆိုသည်။ သိက္ခာဆယ် လူသတ်မှုများအတွက် တင်းကျပ်သည့် ပြစ်ဒဏ်များ ချမှတ်ခြင်းမှာ ယူအေအီးနိုင်ငံအနေဖြင့် အမျိုးသမီးအခွင့်အရေးကို ကာကွယ်ပေးမည်ဆိုသည့် ခိုင်မာသည့်သန္နိဋ္ဌာန်ကို ပြသခြင်းဖြစ်ကြောင်း ယူအေအီးနိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ