နိုဝင်ဘာ ၈၊ ဘေဂျင်း
တရုတ်နိုင်ငံက ကမ္ဘာ့ပထမဆုံး 6G နည်းပညာ စမ်းသပ်ဂြိုဟ်တုကို ကမ္ဘာ့ပတ်လမ်းအတွင်း အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ 6G စနစ်မှာ 5G ဆက်သွယ်ရေးစနစ်ထက် အဆ ၁၀၀ ကျော် ပိုမြန်ပြီး အာကာသထဲတွင် lossless transmission ( အလေအလွင့်မရှိသည့် ဆက်သွယ်မှု) ထုတ်လွှတ်ပေးနိုင်မည်ဟု မျှော်လင့်ထားကြသည်။
တရုတ်နိုင်ငံမှာ 6G နည်းပညာ စမ်းသပ်ဂြိုဟ်တုအပါအဝင် ကိုယ်ပိုင်ဂြိုဟ်တု ၃ လုံး၊ အာဂျင်တီးနားကုမ္ပဏီ Satellogic က တီထွင်ထားသည့် စီးပွားဖြစ် အဝေးထိန်းဂြိုဟ်တု ၁၀ လုံးကို Long March-6 ဒုံးပျံပေါ်တင်ပြီး ရှန်ဇီပြည်နယ် တိုင်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ 6G နည်းပညာ စမ်းသပ်ဂြိုဟ်တုတွင် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးစေသည့် ကပ်ဘေးအန္တရာယ် စောင့်ကြည့်ရေး၊ တောမီးလောင်ကျွမ်းမှု တားဆီးရန် အသုံးပြုနိုင်သည့် နည်းပညာ ပါဝင်သည်ဟု ဆိုသည်။
UESTC ဟု အမည်ပေးထားသည့် 6G နည်းပညာ စမ်းသပ်ဂြိုဟ်တုကို တရုတ်နိုင်ငံ အီလက်ထရောနစ် သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၊ Chengdu Guoxing Aerospace Technology ကုမ္ပဏီနှင့် Beijing MinoSpace Technology ကုမ္ပဏီတို့က ပူးပေါင်းဖန်တီးခဲ့ခြင်းဖြစ်သည်။ 6G frequency band တွင် 5G စနစ်၏ မီလီမီတာကြိမ်နှုန်းကို terahertz ကြိမ်နှုန်းအဖြစ် တိုးချဲ့မည့်အတွက် စမ်းသပ်ဂြိုဟ်တုက အာကာသအတွင်း 6G technology ၏ စွမ်းဆောင်ရည်ကို စမ်းသပ်မည်ဟု ဆိုသည်။
Ref:BBC(KNT)