နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇန်နဝါရီလတွင် COVID-19 ကာကွယ်ဆေး သန်းရာချီ ပံ့ပိုးပေးနိုင်မည်ဟု AstraZeneca ဆေးဝါးကုမ္ပဏီ ဆို

နိုဝင်ဘာ ၈၊ လန်ဒန်

ကာလရှည် စောင့်ဆိုင်းခဲ့ရသည့် COVID-19 ရောဂါ ကာကွယ်ဆေးကို လာမည့် နှစ်လအတွင်း ရရှိနိုင်မည်ဟု AstraZeneca ဆေးဝါးကုမ္ပဏီက ပြောသည်။ အင်္ဂလန်နိုင်ငံနှင့် ဆွီဒင်နိုင်ငံက ဖက်စပ် ပိုင်ဆိုင်သည့် AstraZeneca ဆေးကုမ္ပဏီမှာ အောက်စဖို့ဒ်တက္ကသိုလ်နှင့် ပူးပေါင်း၍ COVID-19 ရောဂါ ကာကွယ်ဆေးဖော်စပ်ခဲ့ပြီး ယင်းတို့၏ ကာကွယ်ဆေးမှာ အမေရိကန်၊ ဗြိတိန်နှင့် အခြားနိုင်ငံများတွင် စမ်းသပ်ထိုးနှံမှု နောက်ဆုံးအဆင့် ရောက်ရှိနေပြီဖြစ်သည်။

နောက်ဆုံးစမ်းသပ်ထိုးနှံမှုရလဒ်များကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ခွဲခြမ်းစိတ်ဖြာသွားမည်ဟု AstraZeneca ကုမ္ပဏီက ပြောသည်။ ရလဒ်များကောင်းမွန်ပါက ဆေးဝါးထုတ်လုပ်မှုကို အရှိန်မြှင့်တင် မည်ဖြစ်ပြီး အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံများတွင် အစိုးရ၏ခွင့်ပြုချက်ရရှိရေး ဆောင်ရွက်သွားမည်ဟု ဆိုသည်။ '' ဇန်နဝါရီလလောက်ကစပြီး ကမ္ဘာတစ်ဝန်းမှာ ကာကွယ်ရေး သန်းရာနဲ့ချီ ပံ့ပိုးပေးဖို့ အသင့် ဖြစ်နေမှာပါ''ဟု AstraZeneca ဆေးဝါးကုမ္ပဏီ အမှုဆောင်ချုပ် ပါစကယ်ဆိုရီယော့က ပြောသည်။ AstraZeneca နှင့် အောက်စဖို့ဒ်တက္ကသိုလ်က ပူးပေါင်းဖော်စပ်နေသည့် ကာကွယ်ဆေးမှာ စမ်းသပ်ထိုးနှံသူတစ်ဦး နာမကျန်းဖြစ်ခဲ့ပြီးနောက် ပြီးခဲ့သည့်စက်တင်ဘာလက စမ်းသပ်ထိုးနှံမှုများ ရပ်ဆိုင်းခဲ့ရသော်လည်း ပြီးခဲ့သည့်လတွင် စမ်းသပ်ထိုးနှံမှု ပြန်လည်စတင်ခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ