နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်အဆောက်အဦများပျက်စီး

စစ်ကိုင်း မေ ၁

ဧပြီ ၃၀ ရက်၊ နံနက် ၃ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြေဘောင်ကြီးကျေးရွာပါ ၄ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁၄ လုံး၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ၂ ရုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဓမ္မာရုံ ၁ ခုတို့ အမိုးလန်ပျက်စီးခဲ့ပြီး နွားမတစ်ကောင် သစ်ပင်ပိသေဆုံးခဲ့ကြောင်း သိရှိရပါသည်။

အလားတူ  ဧပြီ ၃၀ ရက်၊ ညနေ ၄ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အုန္နဲဘုတ်ကျေးရွာပါ ၂ ရွာတို့၌ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၅ လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အလားတူ ဧပြီ ၃၀ ရက်၊  ညနေ ၆ နာရီခွဲအချိန်တွင် ရွှေဘိုမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ရေတော်မူကျေးရွာပါ ၂ ရွာတို့၌ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၂၇ လုံး၊ စာသင်ကျောင်းတစ်ကျောင်း အမိုးလန်၊ နေအိမ် ၅ လုံး ပြိုကျပျက်စီးဆုံးရှံးခဲ့ကြောင်း သိရသည်။

ဧပြီ ၃၀ ရက်၊ ညနေ ၃ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပုဏ္ဏားကျေးရွာပါ ၂ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၉ လုံး အမိုးလန်၊ စေတီတစ်ဆူ ထီးတော်မြေခပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီ ၃၀ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ထနောင်းဝင်းကျေးရွာ၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၂၀ လုံး၊ စာသင်ကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။         

ဆွေဦး






အခြားဆက်စပ်သတင်းများ