နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လိုင်ယွန်မြို့မှ ပစ်ခတ်မှုမှာ ပုဂ္ဂိုလ်ရေးပဋိပက္ခကြောင့် ဖြစ်ဟု ဆို

နိုဝင်ဘာ ၈၊ ပါရီ

ပြီးခဲ့သည့်ရက်သတ္တပတ်က ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့တွင် ဂရိအော်သိုဒေါက် ဘုန်းကြီးတစ်ပါးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ပုဂ္ဂိုလ်ရေးပဋိပက္ခကြောင့် ဖြစ်သည်ဟု သံသယရှိသူက ဝန်ခံခဲ့ကြောင်း အစိုးရရှေ့နေများက ပြောသည်။ အော်သိုဒေါက်ဘုန်းကြီးမှာ ယင်း၏ဇနီးနှင့် ဖောက်ပြန်နေသည်ဟု အသက် ၄၀ အရွယ် သံသယရှိသူက အစိုးရရှေ့နေများကို ပြောသည်။

အသက် ၅၂ နှစ်ရှိသည့် အော်သိုဒေါက်ဘုန်းကြီး ကာကာဗီလာကစ်မှာ အောက်တိုဘာလ ၃၁ ရက်က ယင်း၏ဘုရားကျောင်းအပြင်ဘက်တွင် ပြောင်းတိုသေနတ်ဖြင့် ၂ ချက်ဆင့် ပစ်ခတ်ခံခဲ့ရသည်။ ယင်းမှာ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ကိုမာဖြစ်နေရာမှ ပြန်သတိရလာပြီး ရဲတပ်ဖွဲ့၏ မေးမြန်းမှုများကို ဖြေဆိုခဲ့သည်။ ပြင်သစ်နိုင်ငံတောင်ပိုင်း နိစ်မြို့ရှိ ဘုရားကျောင်းတွင် ဓားဖြင့် တိုက်ခိုက်မှုကြောင့် လူသုံးဦး သေဆုံးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အဆိုပါပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လိုင်ယွန်မြို့တွင် ပစ်ခတ်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို အစောပိုင်းက တိတိကျကျ သိရခြင်းမရှိဘဲ အရာရှိများက လူသတ်ရန်ကြိုးပမ်းမှုဖြင့် စုံစမ်းစစ်ဆေးခဲ့သည်။ သံသယရှိသူမှာ ဂျော်ဂျီယာနိုင်ငံသားဖြစ်ပြီး ယင်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ