နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အလှူငွေနှင့် ပစ္စည်းများ လှူဒါန်း

ရန်ကုန်   ဧပြီ   ၃၀

Covid- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက်  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အလှူငွေနှင့် ပစ္စည်းများ အား ယနေ့ နံနက် ၁၀နာရီက အစိုးရအဖွဲ့ရုံး မင်္လာခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သို့ အလှူရှင်များမှ လာရောက်လှူဒါန်းရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း နှင့်တာ ဝန်ရှိသူများက တက်ရောက်၍ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။

ယနေ့ Covid- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ယနေ့ လာရောက်လှူဒါန်းသော အလှူရှင်များ၊ အလှူငွေများနှင့် ပစ္စည်းများမှာ Mr. လီရှန်ရန်း မီးလင်းချိုင်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်က အလှူငွေကျပ် ၄၃၁၁၈၄၇၆ တန်ဖိုးရှိ အထူးရောဂါကာကွယ်ရေးဝတ်စုံ ၄၆၀ စုံ၊ ကာကွယ်ရေးမျက်မှန် ၃၀၀ခု၊ Azithromycin ဆေးဘူး ၆၀၆၄ ဘူး၊ Face Mask ၈၀၀၀ ခု၊ ပိုးသတ်ဆေးရည် 25 kg ၅၀၀ ပုံးကိုလည်းကောင်း၊ (ဦးအောင်မြင့်)+ ဒေါ်ကြည်အေး၊ ဦးသိန်းနိုင်+ဒေါ်အေးအေး၊ ဦးကျော်မင်း+ဒေါ်သီသီလွင် (ရွှေပြည်နန်းမိသားစု)က (၃၀.၃.၂၀၂၀) ရက်နေ့မှ (၃၀.၄.၂၀၂၀) ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများအတွက် ငွေကျပ် သိန်း ၁၀၀၀ တန်ဖိုးနှင့် ညီမျှသော အစားအသောက်ရိက္ခာများကိုလည်းကောင်း၊ Yangon Metropolitan Development Public Co.,Ltd ကဖောင်ကြီး Medicial Center ရှိ ကျန်းမာရေးဝန်ထမ်းများ ၏ ကျွေးမွေးစရိတ် အလှူငွေ ကျပ်သိန်း ၁၀၀၀ ကိုလည်းကောင်း၊ ဖူကျန့် Fujian General Chamber of Commerce in Myanmarက အလှူငွေကျပ် ၆၈၀ သိန်း တန်ဖိုးရှိ ဆန်တန် ၅၀ နှင့် Mask ၁၀၀၀၀၀ ခု ကိုလည်းကောင်း၊ ချယ်ရီမေတ္တာ ဖောင်ဒေးရှင်းက ငွေကျပ် ၁၅၅ သိန်း တန်ဖိုးရှိ  Ventilator ၁ စုံ၊ ငွေကျပ် ၅၂၅၆၀၀၀ တန်ဖိုးရှိ Patient Monitor ၁ စုံ ၊ စောင့်ကြည့်လူနာ ၆၀၀၀ ဦး အတွက် စားစရိတ် အလှူငွေကျပ် သိန်း ၃၀၀၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၅၀၇၅၆၀၀၀ကိုလည်းကောင်း၊ ဟာဂျီဦးမြင့်စိန်+ ဟာဂျီဒေါ်မာလာဝင်း(ဗဟိုပိုက်ဆိုင်+  Leo Group Myanmar)က ကျပ်သိန်း ၃၀၀တန်ဖိုးရှိ Mask ၁၀၀၀၀၀ ခု ကိုလည်းကောင်း၊ Myanmar Taipei University of Business EMBA Social Clubက ငွေကျပ်၂၃၂ သိန်း တန်ဖိုးရှိ PPE ၁၀၀၀ စုံကိုလည်းကောင်း၊  ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ငွေကျပ် သိန်း ၂၀၀ တန်ဖိုးရှိ MPPE ဝတ်စုံ ၉၀၀ စုံကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းက ၁၈၅၈၆၀၀၀ တန်ဖိုးရှိ ပစ္စည်းများကိုလည်းကောင်း၊ စန်းငွေရောင် SAN NGEW YAUNG CO.,Ltd က အလှူငွေကျပ် သိန်း ၁၀၀ နှင့် ဝတ်စုံ ၁၀၀ စုံ၊ Face Mask (၁၅၀၀၀) ခု စုစုပေါင်းတန်ဖိုးငွေကျပ် ၁၆၉၅၀၀၀၀ကို လည်းကောင်း၊ ဦးအောင်ဝင်း MD မိသားစု YAUNG NI OO Automobile Co.,Ltdက ငွေကျပ် သိန်း ၁၅၀ တန်ဖိုးရှိ Ventilator (Phillip Brand) ၁ လုံးကို လည်းကောင်း၊  မြန်မာနိုင်ငံစက်မှု ထုတ်ကုန်များအသင်းက  အလှူငွေကျပ် သိန်း ၁၅၀ ကိုလည်းကောင်း၊ Eslite Garment Co.,Ltdက ငွေကျပ် သိန်း ၁၂၀ တန်ဖိုးရှိ PPE ၈၀၀ စုံကိုလည်းကောင်း၊ ဦးသိန်းဟန် Focus Gems & Jewellery Co.,Ltdက ငွကျပ် သိန်း ၁၀၆ တန်ဖိုးရှိ PPE ဝတ်စုံ ၅၀၀ စုံကိုလည်းကောင်း၊ GAC Motor Myanmar၊  လျန်စန်း Lyan Shan Engineering Services Co.,Ltdက  ငွေကျပ် သိန်း ၁၀၀ တန်ဖိုးရှိ PPE ၂၀၀ စုံ၊ Mask ၁၀၀၀၀ ခု၊ Hand santinizer (၂၀ liter) ၁၀ဘူးကိုလည်းကောင်း၊ Automobile Association of Myanmar (AMM) အသင်းက အလှူငွေကျပ် သိန်း ၉၀ ကိုလည်းကောင်း၊
လှိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းနှင့် လှိုင်မြို့နယ် ပြည်သူ၊ ပြည်သားများက အလှူငွေ ကျပ် ၆၂သိန်း၊ ပိုးသတ်ဆေးပုံးကြီး ၄ ပုံး၊ SURGITOL ၁ဖာ၊ PPE ၃၀ စုံ၊ Face Shield ၁၀၀ ခု၊
 Hand Spray ၁ liter ၆ ဘူး (စုစုပေါင်း တန်ဖိုး ငွေကျပ် ၇၁၉၃၀၀၀)ကိုလည်းကောင်း၊ ၁၉၇၀-၁၉၇၄ ခုနှစ် ဓာတုဗေဒ ကျောင်းသူ၊ ကျောင်းသားများ (ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်)က အလှူငွေကျပ် ၅၅ သိန်းကိုလည်းကောင်း၊ ဂျပန်နိုင်ငံမှ (အီမအိရုမိ) အထိမ်းအမှတ် ပညာသင်ဆုရ မြန်မာ ကျောင်းသူ၊ ကျောင်းသားဟောင်းများက စုပေါင်းအလှူငွေကျပ် ၅၄ သိန်းကိုလည်းကောင်း၊  ဒေါက်တာအောင်သိန်း (Nibban Electronics)က ငွေကျပ် ၄၅၈၀၀၀၀ တန်ဖိုးရှိ air con 1.5 HP ၁၀ လုံးနှင့် (Water Dispenser)၁၀ လုံးကိုလည်းကောင်း၊ ဦးစိုင်းစိုးမြင့် VAZ Communications Co.,Ltdက ငွေကျပ် ၂၄ သိန်း တန်ဖိုးရှိ PPE ဝတ်စုံ ၂၀၀ စုံကိုလည်းကောင်း၊ ဦးဝင်းလွင်+ ဒေါ်လီဖန်း မိသားစုက အလှူငွေကျပ် သိန်း ၂၀ ကိုလည်းကောင်း၊ Prakash Kumar@ Myint Han NKS Myanmar Group Co.,Ltdက အလှူငွေကျပ် ၁၀ သိန်းကိုလည်းကောင်း၊ ဦးခင်အောင်၊ ဦးအောင်မြတ်ထွန်း နှင့် ဂျပန်ရောက်မြန်မာစေတနာရှင်များက အလှူငွေကျပ် ၉ သိန်းကိုလည်းကောင်း လှူဒါန်းခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ စိုက်ပျိူးရေး၊မွေမြူရေး၊ သစ်တော နှင့်စွမ်းအင်ဝန်ကြီး ဟံထွန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ၊လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေး နှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် နှင့်အလှူရှင်များတက်ရောက်ခဲ့ကြသည်။


သတင်း   မိုးမြင့်မောင်
ဓာတ်ပုံ    ကျော်သူထက်






အခြားဆက်စပ်သတင်းများ