နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီယင်နာမြို့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေးအကြီးအကဲ ရာထူးမှ ဆိုင်းငံ့ခံရ

နိုဝင်ဘာ  ၇၊ ဗီယင်နာ


ပြီးခဲ့သည့်တနင်္လာနေ့ညက ဗီယင်နာမြို့တွင် လူလေးဦး အသတ်ခံရသည့် အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ပွားမီ ထောက်လှမ်းရေးအဖွဲ့၏ ပျက်ကွက်မှုများကို သြစတြီးယားအရာရှိများက ထပ်မံဖော်ပြခဲ့ရာ ဗီယင်နာမြို့ အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေးအကြီးအကဲမှာ ရာထူးမှ ဆိုင်းငံ့ခံခဲ့ရသည်။ အီရစ်ဇက်တလာကို ယင်း၏ဆန္ဒအလျှောက် ရာထူးမှ ဆိုင်းငံ့ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

ဗီယင်နာမြို့ တိုက်ခိုက်မှုမှ သံသယရှိသူမှာ ဆလိုဗက်ကီးယားနိုင်ငံတွင် ခဲယမ်းများ ဝယ်ယူရန် ကြိုးပမ်းနေခြင်းကို ပြီးခဲ့သည့်ဇူလိုင်လကတည်းက သြစတြေးလျနိုင်ငံအရာရှိများထံ အကြောင်းကြား ခဲ့ပြီးဖြစ်သည်။ သံသယရှိသူမှာ စောင့်ကြည့်ခံနေရသည့် ဂျာမနီနိုင်ငံသားနှစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်း သြစတြေးလျအရာရှိများက ဝန်ခံခဲ့သည်။ '' ကျွန်တော်တို့အမြင်မှာတော့ ခွင့်လွှတ်သည်းခံလို့မရတဲ့ အမှားကြီးပါ'' ဟု သြစတြီးယားပြည်ထဲရေးဝန်ကြီး ကားလ်နီဟမ်းမားက ပြောသည်။ 

ထို့အပြင် သံသယရှိသူမှာ အစ္စလာမ်အကြမ်းဖက်သမားများနှင့် ဆက်နွှယ်နေသည်ဟု သတင်းထွက်နေသည့် ဗလီများနှင့်လည်း အနီးကပ်ဆက်ဆံမှုရှိခဲ့သည်။ အဆိုပါဗလီကျောင်းမှ ဘာသာရေးဆရာမှာ ဂျာမန်စကား ပြောသည့် တပ်ဖွဲ့တစ်ဖွဲ့ကို ဆီးရီးယားနိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ပြီး ဆီးရီးယားတွင် မောင်းသူမဲ့ယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်ဟု ဆိုသည်။ 

အသက် ၂၀ အရွယ် သံသယရှိသူက အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ရည်ရွယ်ချက်မှာ မွတ်စလင်များနှင့် မွတ်စလင်မဟုတ်သူများကြား သွေးခွဲသပ်လျှိုလိုခြင်းဖြစ်သည်ဟု ပေါင်းစည်းညီညွတ်ရေးဝန်ကြီး ဆူဆန်ရက်ဘ်က ပြောသည်။ သံသယရှိသူမှာ ဆီးရီးယားနိုင်ငံရှိ IS အဖွဲ့နှင့် ပူးပေါင်းရန် ကြိုးပမ်းမှုဖြင့် ထောင်ဒဏ်လ ၂၀ ချမှတ်ခံရပြီးနောက် ပြန်လွတ်လာချိန်တွင် ဗီယင်နာမြို့လယ်၌ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ယင်းကို အသေဖမ်းဆီးနိုင်ခဲ့သည်။                                                                          Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ