နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Honor of Kings နေ့စဉ်ကစားသူ သန်း ၁၀၀ အထိ ရှိလာ

နိုဝင်ဘာ  ၇


၂၀၁၅ နိုဝင်ဘာလထဲတွင် စတင်ဖြန့်ချိခဲ့သည့် Honor of Kings သည် ၅ နှစ်တာကာလအတွင်း နေ့စဉ်ကစားသူ သန်း ၁၀၀ ရှိလာပြီး အကျိုးအမြတ်အများဆုံးဂိမ်းတွေထဲတွင် ပါဝင်နေသည်။ Multiplayer Online Battle Arena ဗွီဒီယိုဂိမ်းအမျိုးအစားဖြစ်ပြီး တရုတ်နှင့် အရှေ့တောင်အာရှဒေသများတွင် အောင်မြင်မှု ရရှိနေသည့် ဂိမ်းတစ်ခုလည်းဖြစ်သည်။

Honor of Kings ဂိမ်းလူကြိုက်များမှုနှင့်အတူ Tencent သည် ဂိမ်းအမျိုးအစားပုံစံသစ်တို့ဖြင့် Titles များ ထပ်တိုးရန် စီစဉ်ထားပြီး လက်ရှိတွင်လည်း ဗြိတိန်တန်ဖိုးကြီး ဇိမ်ခံကုမ္ပဏီ Burberry ဖြင့်လည်း ပါတနာအနေဖြင့် မိတ်ဖက်ပြု ပူးပေါင်းထားကြောင်း Gizmochina သတင်းက ပြောထားသည်။ 

Tencent သည် မိုဘိုင်းဗားရှင်းအဖြစ် ထွက်လာသည့် ကမ္ဘာ့လူကြိုက်အများဆုံး Desktop ဂိမ်း League of Legends ဖြင့်လည်း ပြိုင်ဆိုင်မှုများရှိနေသည်။ League of Legends: Wild Rift ကို Tencent Games အောက်ရှိ အမေရိကန် ဂိမ်းစတူဒီယို Riot Games က ထုတ်လုပ်ထားခြင်းဖြစ်သည်။

LOL မိုဘိုင်းဗားရှင်းသစ်ကို အာရှဒေသတွင်းတွင် စတင်စမ်းသပ်နေပြီဖြစ်သည်။

"Honor of Kings ကမ္ဘာနဲ့ ကစားသူတွေအကြား အပြန်အလှန်ဆက်သွယ်မှုပုံစံကို တိုးချဲ့ဖို့ လုပ်ဆောင်နေပါတယ်။ ဂိမ်းတွင်း ဂိမ်းပြင်နှစ်မျိုးစလုံး ပါဝင်မှုကို မောင်းနှင်မယ့် ဘက်ပေါင်းစုံ Brand အတွေ့အကြုံတစ်ခုလည်း ဖန်တီးပေးမှာပါ။ ဒီထဲမှာ Anime တွေ ၊ ရုပ်ရှင်တွေ ၊ ဂီတနဲ့ Live Action စီးရီးတွေပါဝင်လာနိုင်ပါတယ်။" ဟု Tencent ၏ Timi Studios ဂိမ်းဒါရိုက်တာနှင့် အထွေထွေမန်နေဂျာဖြစ်သူ လီမင်းက Reuters ဖြင့် အင်တာဗျူးတွင် ပြောသည်။

Tencent ၏အဆိုအရ ကုမ္ပဏီအနေဖြင့် Honor of Kings ကို MOBA မှ နောက်ထပ် ဂိမ်းပုံစံသစ်နှစ်မျိုးလည်း ဖြန့်ချိသွားရန် စီစဉ်ထားသည်။ Timi Studios က Honor of Kings ဂိမ်းတွင် ဘရုဇ်လီပုံစံ တရားဝင်လိုင်စင်တစ်ခုလည်း ထည့်သွင်းထားသည်။ 

(WP)






အခြားဆက်စပ်သတင်းများ