နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကိုရီးယားနိုင်ငံတွင် တည်ဆောက်နေဆဲ ဂိုဒေါင်တစ်လုံး မီးလောင်၍ လူ ၃၈ ဦး သေဆုံး

ဧပြီ ၃၀၊ ဆိုးလ်

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တွင် ဆောက်လက်စ ဂိုဒေါင်တစ်လုံး မီးလောင်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၃၈ ဦး သေဆုံးခဲ့ပြီး လူ ၁၀ ဦး ဒဏ်ရာရခဲ့သည်။ မြေအောက်ခန်းတွင် အပူခံပစ္စည်းများ တပ်ဆင်ရန် အသုံးပြုသည့် မီးလောင်လွယ်သော ပစ္စည်းများ ပေါက်ကွဲရာမှတစ်ဆင့် မီးလောင်ခဲ့ခြင်းဟု တောင်ကိုရီးယားမီဒီယာတစ်ခုက ဖော်ပြသည်။

ယင်းဖြစ်ရပ်တွင် သေဆုံးခဲ့သူအားလုံးမှာ ဆောက်လုပ်ရေး လုပ်သားများဖြစ်ဖွယ်ရှိသည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်သူ ၇၈ ဦးရှိပြီး လက်ရှိရှာဖွေမှု များတွင် လူစာရင်းမပြည့်သေးခြင်းကြောင့်  သေဆုံးသူအရေအတွက် မြင့်တက်လာ ဖွယ်ရှိသည်ဟု ဆိုသည်။

မီးကူးစက်လောင်ကျွမ်းမှု မြန်ဆန်ခြင်းကြောင့် လုပ်ငန်းခွင်ထဲမှ အလုပ်သမားများကို ရွှေ့ပြောင်းပေးရန် ကြိုးပမ်းမှုများ နှောင့်နှေးကြန့်ကြာခဲ့ရသည်။ ဧပြီလ ၂၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ညနေ ၆ နာရီ ၄၀ အချိန်မှသာ မီးငြှိမ်းနိုင်ခဲ့သည်။ 
               
 Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ