နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုးရှားလ်ကို လှောင်ပြောင်နေတဲ့ အသက် ၁၇ နှစ်သားကစားသမား ဘယ်လင်ဂမ်

နိုဝင်ဘာ ၇


အသက် ၁၇ နှစ်အရွယ် ကစားသမားလေးဘယ်လင်ဂမ်ဟာ မန်ယူဂန္တဝင်နည်းပြကြီး ဖာဂူဆန်ကိုယ်တိုင် ဖိတ်ခေါ်ပြီး လေ့ကျင့်ရေးကွင်းကို လှည့်လည်ပြသခြင်းခံရတဲ့ ကစားသမားလေးပါ။ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေအခိုင်အမာထွက်နေသူပါ။ ဒါပေမယ့် ကစားသမားလေးဟာ ဂျာမဏီကိုသာ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့နွေရာသီစျေးကွက်တုန်းက ဘာမင်ဂမ်စီးတီးကနေ ဒေါ့မွန်ကိုပြောင်းရွှေ့ဖို့ ဆုံးဖြတ်တာနဲ့ပတ်သက်ပြီး ကျွန်တော် မန်ယူကိုမပြောင်းခဲ့တာ ကျွန်တော်အရမ်းကို မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ကြောင်းနဲ့ ကျွန်တော်မန်ယူကိုပြောင်းရွှေ့ခဲ့ရင် ဘန်ဒီဘိခ်လို အရန်ခုံမှာ အချိန်ကုန်နေလောက်ပြီလို့ ဆိုးရှားလ်ကို လှောင်ပြောင်ပြောကြားခဲ့ပါတယ်။ ဘယ်လင်ဂမ်ဟာ ယခုရာသီ ချန်ပီယံလိဂ်နဲ့ ဘွန်ဒက်စ်လီဂါမှာ ဂိုးဖန်တီးမှုအများအပြားပြုလုပ်ထားပြီး ဒေါ့မွန်ရဲ့လိဂ်အဖွင့်ပွဲ ၆ ပွဲမှာ ၄ ပွဲ ပွဲထွက်ပါဝင်ကစားခွင့်ရရှိနေသူပါ။ မန်ယူတို့က ဘယ်လင်ဂမ်လို အင်္ဂလန်ယူ−၂၁ ကစားသမားကို ခေါ်ယူဖို့ သေသေချာချာကမ်းလှမ်းခဲ့ပေမယ့် ဘယ်လင်ဂမ်က ဒေါ့မွန်ဆီက ကမ်းလှမ်းလာတော့ ဒေါ့မွန်ကို ရွေးချယ်ခဲ့တာပါ။ ဘယ်လင်ဂမ်က “ကျွန်တော် ဒေါ့မွန်ဆီကစိတ်ဝင်စားမှုကို အရမ်းအာရုံစိုက်ပြီး အရမ်း ပျော်ခဲ့တာကြောင့် ကျွန်တော့်ရဲ့ ဦးစားပေးရွေးချယ်မှုဖြစ်လာခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ ရွေးချယ်စရာက ဒေါ့မွန်ပါပဲ။ ခင်ဗျားအတွက် အကောင်းဆုံးနေရာဖြစ်မယ့် နေရာကိုရှာတွေ့တဲ့အခါ ကျန်တဲ့အရာအားလုံးကို လျစ်လျူရှုလိုက်မှာပါ၊ ကျွန်တော်ဆိုလိုတာ နားလည်တယ်မဟုတ်လား”လို့ ပြောကြားခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ