နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရီးရဲလ်မက်ဒရစ်အသင်းက ခံစစ်ကစားသမား ကာဗာဂျယ်ကို စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်

နိုဝင်ဘာ ၇


ရီးရဲလ်မက်ဒရစ်အသင်းသည် ခံစစ်ကစားသမား ကာဗာဂျယ်ကို စာချုပ်သစ် ချုပ်ဆိုရန်ပြင်ဆင်နေကြောင်း သိရသည်။

ကာဗာဂျယ်သည် ရီးရဲလ်မက်ဒရစ်နှင့်ချုပ်ဆိုထားသည့် စာချုပ်အရ  ၂၀၂၂ ခုနှစ်တွင် သက်တမ်းကုန်ဆုံး မည်ဖြစ်ပြီး အသင်းက ၂၀၂၄ ခုနှစ်ထိ စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ကာဗာဂျယ်သည် ဒဏ်ရာကြောင့် အနားယူနေရသော်လည်း ဒဏ်ရာအခြေအနေတိုးတက်လာပြီဖြစ်ကာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မည်ဖြစ်သည်။

ထို့အပြင် ရီးရဲလ်မက်ဒရစ်အသင်းသည် အသင်းခေါင်းဆောင် ရာမို့စ်ကိုလည်း လုပ်ခလစာ တိုးမြှင့်ပေးကာ ၂ နှစ် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆန္ဒရှိနေသည်။

ကာဗာဂျယ်သည် ၂၀၁၃ ခုနှစ်က လေဗာကူဆင်အသင်းမှ ရီးရဲလ်မက်ဒရစ်အသင်းသို့ ရောက်ရှိခဲ့ပြီးနောက် အသင်း၏ ပွဲထွက်ကစားသမားနေရာကို အခိုင်အမာရရှိထားပြီး ခံစစ်ပိုင်းတွင် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သည့် ကစားသမားဖြစ်သည်။ (သူရိန်)






အခြားဆက်စပ်သတင်းများ