နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရှုံးရလဒ်ရဲ့ အရသာကို ပထမဆုံးမြည်းစမ်းခဲ့ရတဲ့ အေစီမီလန်တို့ရဲ့ ယူရိုပါလိဂ်ပွဲ

နိုဝင်ဘာ ၇


ကြာသပတေးနေ့ညက ကစားခဲ့ကြတဲ့ ယူရိုပါလိဂ်ပွဲစဉ် အေစီမီလန်နဲ့ လိုင်လီတို့ပွဲမှာတော့ အေစီတို့ ၀−၃ ရလဒ်နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ဒီရှုံးနိမ့်မှုဟာ အေစီတို့အတွက် အိမ်ကွင်းမှာ ပထမဆုံးဒီရာသီရဲ့ ရှုံးပွဲပဲဖြစ်ပါတယ်။ စီးရီးအေနဲ့ပြိုင်ပွဲစုံမှာ ခြေစွမ်းတွေပြ၊ နိုင်ပွဲတွေမရပ်နိုင်ဘဲ ရှုံးပွဲမရှိစံချိန်ပိုင်ဆိုင်ထားတဲ့ အေစီမီလန်တို့ဟာ သူတို့လိုပဲ ခြေစွမ်းတွေဆက်တိုက်ပြနေတဲ့ လိုင်လီအသင်းကိုတော့ အရေးနိမ့်ခဲ့ပါတယ်။ လိုင်လီတို့က အကောင်းဆုံးအသင်းနဲ့ ပွဲထွက်ခဲ့တာပါ။ ဒီပွဲမှာတော့ လိုင်လီရဲ့ကစားပုံနဲ့ လျင်မြန်ဖျတ်လတ် မှုတွေက အေစီတို့ကိုအခက်တွေ့စေခဲ့ပါတယ်။ အေစီတိုက်စစ်မှူးကြီး ဇလာတန်လည်းလှုပ်ရှားမရနိုင် ဖြစ်ကာ အေစီရဲ့တိုက်စစ်က တော်တော်ရုန်းကန်ခဲ့ရတာပါ။ တစ်ပွဲနှစ်ဂိုးနှုန်းသွင်းနေတာတွေလည်း အဆုံး သတ်ခဲ့ရပါတယ်။ ပထမပိုင်းမှာတော့ အပြန်အလှန်ကစားမှုတွေရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ တန်ပြန် တိုက်စစ်တွေကနေ အေစီကိုရှုံးပွဲကြုံစေခဲ့တာပါ။ အိမ်ကွင်းမှာတောင် အေစီတို့ ဂိုးမသွင်းနိုင်ခဲ့ပဲ ဒီရာသီရဲ့ ပထမဆုံးအရှုံးကို ရရှိခံစားခဲ့ရပြီး လိုင်လီကတော့ အုပ်စုမှာထိပ်ကနေရပ်တည်နေပါပြီ။ ယူရိုပါလိဂ်ပွဲတွေမှာ အသင်းကြီးများသာ ဂိုးတွေအပြန်အလှန်သွင်းရင်း နိုင်ပွဲတွေရယူခဲ့ကြတာပါ။ ပွဲတိုင်းလိုလို ဂိုးတွေသွင်းယူနေ ကြတာကြောင့် ဂိုးမသွင်းတဲ့ပွဲမရှိသလောက်ပါဘဲ။

(SO)






အခြားဆက်စပ်သတင်းများ