နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက်ဆီရဲ့လုပ်ရပ် အမှားတစ်ခုကြောင့် အားလုံးအံ့သြစိတ်ပျက်စရာ ဖြစ်ခဲ့ရ

နိုဝင်ဘာ ၇


ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ဒိုင်နိုကိဗ်နဲ့ပွဲမှာ မက်ဆီဟာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သလို ပင်နယ်တီမှတစ်ဆင့် ဂိုးလဲသွင်းနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့် ချန်ပီယံလိဂ်သွင်းဂိုးအုပ်စုအဆင့်မှာ မှတ်တမ်းကောင်းရနေသူပါ။ ဒါပေမယ့် အဲဒီပွဲစဉ်မှာ မက်ဆီရဲ့ လက်လွတ်စပယ်လုပ်ရပ်ကြောင့် ဘာစီရဲ့ ပရိသတ်တွေအတော်စိတ်ပျက်စွာနဲ့ ဝေဖန်နေခဲ့ကြပါတယ်။ ဒီပွဲမှာ မက်ဆီက ကွင်းလယ်စက်ဝိုင်းနားမှာ ရှိချိန် ပြိုင်ဘက်ကစားသမားအန်ဒရီစကီးက ဘောလုံးကို မက်ဆီဘေးကနေဆွဲယူလာချိန် လုံးဝဝင်မဖျက်ဘဲ ဘောလုံးဆွဲသွားတာကို လမ်းလျှောက်ပြီးလိုက်ကြည့်နေပါတယ်။ တကယ်ဆိုရင် ကိုယ့်ခံစစ်ဆီ မရောက်အောင် ခံစစ်ပြင်ဆင်ချိန်ရအောင် မက်ဆီကဝင်ဖျက်ရမှာပါ။ ဘေးနားပြေးကပ်လိုက်တာမျိုး လုပ်သင့်ပေမယ့် မက်ဆီက မလုပ်ခဲ့တာကြောင့် ကြည့်ရှုသူအားလုံးအံ့အားလဲသင့်၊ စိတ်ပျက်စရာလဲဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုက သူ့အသင်းရှုံးနေရင်၊ ဂိုးသွင်းဖို့လိုနေရင် အသည်းအသန်လိုက်ကစားတတ်ပြီး ဂိုးရအောင် သွင်းယူတတ်သူပါ။ မက်ဆီကတော့ အသင်းရှုံးနေရင် ခေါင်းငိုက်စိုက်နဲ့ ခါးထောက်နေဖို့ပဲတတ်တဲ့ ရိုးမား နဲ့ ဘာစီပွဲက မက်ဆီရဲ့ပုံရိပ်ကိုတွေ့မှာပါ။ မက်ဆီရဲ့လုပ်ရပ်ကို ဗီဒီယိုဖိုင်တင်ထားခဲ့ပြီး ဝင်ကြည့်သူ ၂ ဒသမ ၅ သန်းထိရှိခဲ့ပါတယ်။  ပရိသတ်တစ်ဦးက ဒါဟာအသင်းစိတ်ဓာတ်ကင်းမဲ့ပြီး တာဝန်ယူမှုလုံးဝမရှိတဲ့ပုံစံပဲလို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ မက်ဆီဟာ နွေရာသီက ထွက်ခွာခွင့်မအောင်မြင်တာရယ် လက်ရှိလစာဖြတ်တောက်မယ့် ပြဿနာတွေရယ်ကြောင့် စိတ်မပါတော့ရင်လည်း ထွက်ခွာခွင့်ပေးသင့်ပြီလို့ ပရိသတ်တွေက ပြစ်တင်နေကြပါတယ်။ (SO)






အခြားဆက်စပ်သတင်းများ