နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌လယ်ယာသုံးစက်ကိရိယာများ သုံးစွဲရေး

ရန်ကုန်   နိုဝင်ဘာ   ၇


မျက်မှောက်ကာလတွင် ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲဖော်ဆောင် မှုများကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် မူလအခြေအနေနှင့် ကိုက်ညီသော လယ်ယာကဏ္ဍပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို ဖော်ဆောင်လျက်ရှိရာ အောင်မြင်မှုလမ်းစများကို မြင်တွေ့နေရပြီဖြစ်ပေသည်။ စိုက်ပျိုးရေးလုပ်ငန်းများတွင် မူလဓားမဦးချမိရိုးဖလာစိုက်ပျိုးနည်းများဖြင့် ဆောင်ရွက်လာကြရာ အကြောင်း အမျိုးမျိုးသော အခက်အခဲများ၊ ခေတ်မမီသည့် စိုက်ပျိုးရေးနည်းစနစ်များကြောင့် စိုက်ပျိုးရေးလုပ်ငန်း တွင် တိုးတက်မှုနှေးကွေးသည်။  လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် မြေယာပြုပြင်မှု အဓိကစွမ်းအားဖြစ်းသည့် ကျွဲ၊ နွားများဖြင့် ထွန်ယက်ပြုပြင်သည့်နေရာတွင် စွမ်းအားပြည့် လယ်ယာထွန်စက်များဖြင့် အစားထိုးဆောင် ရွက်လာကြသည်။ စွမ်းဆောင်ရည်မြင့်မားသော ထွန်စက်များသုံးစွဲခြင်း၊ စိုက်နည်းစနစ်များမှန်ကန်ခြင်း၊ မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးခြင်းတို့ကြောင့် တောင်သူလယ်သမားတို့၏ဘဝ တိုးတက်မြင့်မားလာမည်ဖြစ် သည်။ လယ်ယာကဏ္ဍတွင် စီးပွားရေးတွက်ခြေကိုက်ပြီး အထွက်နှုန်းကောင်းမွန်သောဒေသနှင့် ကိုက်ညီ ဖြစ်ထွန်းမှုရှိသည့် သီးနှံမျိုးကောင်းမျိုးသန့်ကြောင့် ဝင်ငွေပိုမိုတိုးတက်လာသည်။

လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့မှ ၂၀၂၀ ပြည့်နှစ်ထွက် မိုးစပါးများကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် သတ်မှတ်အခြေခံ ရည်ညွှန်းဈေးနှုန်းဖြစ်သည့် စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၅၂၀၀၀၀ နှုန်းအောက်မကျသော ဈေးနှုန်းဖြင့် ဝယ်ယူရေးဆောင်ရွက်နိုင်ရန် အိတ်ဖွင့်တင်ဒါပုံစံဖြင့် နိုင်ငံတော်မှ လည်ပတ်ရန်ပုံငွေ ၂၀ ဘီလျံကို ထုတ်ယူ၍ စပါးဝယ်ယူရေးလုပ်ငန်းဆောင် ရွက်မည်ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်း စပါးရိတ်သိမ်းကာလဖြစ်သောကြောင့် လူအား၊ စက်ယန္တရားအင်အားဖြင့် ရာသီအမီ ရိတ်သိမ်းခြွေလှေ့နေကြသည်။ ခေတ်မီရိတ်သိမ်းခြွေလှေ့စက်များကို အသုံးပြုခြင်းကြောင့် စပါးလေလွင့်မှု တစ်ဧက ၁၀ တင်းနှုန်းခန့် ထိန်းသိမ်းနိုင်ရာ များစွာအကျိုးဖြစ်ထွန်းလျက်ရှိသည်။ သို့ဖြစ်ရာ လက်ရှိဖြစ်ပေါ်နေသော အခြေအနေ အချိန်အခါကောင်းများကို ထိထိမိမိ အသုံးချကာ ခေတ်မီရိတ်သိမ်းခြွေလှေ့ စက်များကို သုံးစွဲစေချင်ကြောင်း ။          ။






အခြားဆက်စပ်သတင်းများ