နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ ဇနီးလောင်း သားယောကျာ်းလေး မွေးဖွား

ဧပြီ ၃၀၊ လန်ဒန်

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ ဇနီးလောင်း ကာရီဆိုင်မွန်မှာ ပထမဆုံးရင်သွေးအဖြစ် သားယောကျ်ားလေး မွေးဖွားခဲ့ပြီး မိခင်ရော၊ ကလေးပါ ကျန်းကျန်းမာမာရှိကြောင်း ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းကြောင့် အထူးကြပ်မတ်ခန်းတွင် ကုသမှုခံယူခဲ့ရပြီးနောက် ပြန်လည်သက်သာလာသည့် ဘောရစ်ဂျွန်ဆင်မှာ ဇနီးဖြစ်သူ မီးဖွားနေသည့် လန်ဒန်မြို့က အမျိုးသားကျန်းမာရေးဌာနဆေးရုံတွင် စောင့်ကြပ်ပေးခဲ့သည်ဟု ဆိုသည်။

ဘောရစ်ဂျွန်ဆင်၏ သားငယ်မှာ နေ့စေ့၊ လစေ့ မွေးဖွားခြင်း ဟုတ်၊ မဟုတ်ဆိုခြင်းနှင့် ခန္ဓာကိုယ်အလေးချိန်၊ မွေးဖွားချိန် စသည့် အသေးစိတ်အချက်အလက်များကိုလည်း  ဒေါင်းနင်းလမ်းနေအိမ်က မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။

 ယခုအခါတွင် ဘောရစ်ဂျွန်ဆင်မှာ ဒေါင်းနင်းလမ်းနေအိမ်တွင် အလုပ်ပြန်လုပ်နေပြီးCOVID-19 ကပ်ရောဂါကို တုံ့ပြန်လှုပ်ရှားရန် ဦးဆောင်လျက်ရှိသည်။ သို့သော်  ဘောရစ်ဂျွန်ဆင် အနေဖြင့် ယခုနှစ် နှောင်းပိုင်းတွင် မိဘခွင့်အဖြစ် ကာလတိုခွင့်ယူဖွယ်ရှိသည်ဟု ဒေါင်းနင်းလမ်း နေအိမ်က ပြောသည်။      
                                                                      
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ