နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်ဘနွန်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးသမားကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှုများ ချမှတ်

နိုဝင်ဘာ  ၇၊ ဝါရှင်တန်


လက်ဘနွန်နိုင်ငံ၏ အကျင့်ပျက်ခြစားမှုများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ထိပ်တန်းနိုင်ငံရေးသမား ဂီဘရန်ဘက်ဆေးကို သမ္မတ ဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရက အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ ဂီဘရန်ဘက်ဆေးမှာ ဟစ်ဇ်ဘိုလာအဖွဲ့နှင့် မဟာမိတ်ဖွဲ့ထားသည့် Free Patriotic Movement ပါတီခေါင်းဆောင်ဖြစ်သည်။ 

လက်ဘနွန်နိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်နေချိန်တွင် အမေရိကန်အစိုးရက ယခုကဲ့သို့ အရေးယူပိတ်ဆို့မှု ချမှတ်ခဲ့ခြင်းဖြစ်သည်။ မငြိမ်သက်မှုများ လပေါင်းများစွာ ဖြစ်ပေါ်ခဲ့သည့် လက်ဘနွန်နိုင်ငံတွင် အစုလိုက်အပြုံလိုက် ဆန္ဒပြမှုများ၊ COVID-19 ကပ်ရောဂါနှင့် သေကြေပျက်စီးဆုံးရှုံးမှု များပြားသည့် ပေါက်ကွဲမှု စသည့်ဖြစ်ရပ်များ ကြုံတွေ့ခဲ့သည်။ အကျင့်ပျက်ခြစားမှု၊ အစိုးရ၏ ဦးဆောင်နိုင်စွမ်း ကင်းမဲ့မှု စသည့် ဖြစ်ရပ်များနှင့် ဒွန်တွဲနေသည့် လက်ဘနွန်နိုင်ငံ၏ နိုင်ငံရေးစနစ်ကို အလုံးစုံ ပြုပြင်ပြောင်းလဲရန် ဆန္ဒပြသူများက လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြသည်။ ဂီဘရန်ဘက်ဆေးကို အရေးယူပိတ်ဆို့ခဲ့ခြင်းမှာ ပြုပြင် ပြောင်းလဲမှုလုပ်ရန် တောင်းဆိုနေသည့် လက်ဘနွန်ပြည်သူများကို အမေရိကန်အစိုးရက ထောက်ခံ အားပေးကြောင်း ပြသခြင်းဖြစ်သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတိဗ်အမ်နျူချင်က ပြောသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ