နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတစ်ဝန်း ပိတ်ဆို့မှုတွင် ပိတ်မိနေသည့် အိန္ဒိယရွှေ့ပြောင်းနေထိုင်သူများ နေရပ်ပြန်ခွင့်ရရှိ

ဧပြီ ၃၀၊ နယူးဒေလီ

အိန္ဒိယနိုင်ငံတစ်ဝန်း ပိတ်ဆို့လိုက်ချိန်တွင် ပိတ်မိနေသူ သန်းပေါင်းများစွာအနေဖြင့် ယင်းတို့၏နေရပ်သို့ ပြန်ခွင့် ရရှိပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ ပိတ်မိနေသူများမှာ ကိုယ့်သဘောဖြင့်ကိုယ် နယ်စပ်ဖြတ်ကျော်ခွင့်မရှိဘဲ ပြည်နယ်အစိုးရ၏ ဆောင်ရွက်ပေးမှုအောက်တွင်သာ နေရပ်သို့ ပြန်ခွင့်ရမည်ဖြစ်သည်။ နေရပ်ပြန်မည့်သူများမှာ ထွက်ခွာမယ့်နေရာနှင့် ဆိုက်ရောက်မည့် နေရာများတွင် ရောဂါလက္ခဏာ ရှိ၊ မရှိ စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး အသွားအလာကန့်သတ်စောင့်ကြည့်မှု ခံယူရမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရန်အတွက် မတ်လ ၂၄ ရက်မှစတင်ပြီး ပိတ်ဆို့လိုက်ခြင်းဖြစ်သည်။ အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီမှာ နိုင်ငံတစ်ဝန်း ပိတ်ဆို့မှုမလုပ်မီ ၄ နာရီ အလိုမှသာ ကြိုတင်အသိပေးခဲ့ခြင်းကြောင့် လူသိန်းပေါင်းများစွာက ယင်းတို့၏နေရပ်သို့ ပြန်နိုင်ရန် အလုအယက်ကြိုးပမ်းခဲ့သည်။ ပိတ်မိနေသူ အများအပြားမှာ အခြားပြည်နယ်များတွင် နေထိုင်သူများဖြစ်ပြီး ဝမ်းရေးအတွက်  မြို့ကြီးများတွင် လာရောက်အလုပ်လုပ်ကိုင်နေသူများဖြစ်သည်။

အိန္ဒိယနိုင်ငံ၏မြို့ကြီးများတွင် ရွှေ့ပြောင်းအလုပ်သမား သန်း ၁၀၀ နီးပါးရှိသည့်အနက် အများစုမှာ ဆင်းရဲချို့တဲ့သည့် အခြေအနေဖြင့် နေထိုင်နေရသည်။ စက်ရုံများ ရုတ်တရက်ပိတ်လိုက်ချိန်တွင် အငတ်ဘေးဆိုက်မည်ကို စိုးရိမ်ပူပန်ခြင်းကြောင့် ကီလိုမီတာရာပေါင်းများစွာ အကွာအဝေးအထိ လမ်းလျှောက်ပြီး နေရပ်သို့ ပြန်ရန် ကြိုးပမ်းခဲ့ကြသည်။ 
                                         
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ