နိုဝင်ဘာ ၆ ၊ လန်ဒန်
၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်စွမ်းအင် သီးသန့်အသုံးပြုသည့် ကားများ ထုတ်လုပ်မည့် အစီအစဉ်ကို တန်ဖိုးကြီးကားကုမ္ပဏီ Bentley က မိတ်ဆက်ပြသခဲ့သည်။ Bentley ကုမ္ပဏီမှာ ၂၀၂၆ ခုနှစ်တွင် plug-in hybrid ကား သို့မဟုတ် လျှပ်စစ်ဘက်ထရီကားများ ပြောင်းလဲထုတ်လုပ်သွားမည်ဟု ဆိုသည်။
Volkswagen လုပ်ငန်းစုက ပိုင်ဆိုင်သည့် Bentley ကုမ္ပဏီမှာ လာမည့်ဆယ်စုနှစ်အတွင်း ယင်းတို့၏ ကားထုတ်လုပ်ရေးကို ကာဗွန် လုံးဝကင်းစင်ရန် ရည်မှန်းထားသည်။ လျှပ်စစ်ကားများကို လူကြိုက်များမှု မြင့်တက်လာခဲ့ပြီး ယခုနှစ်အတွင်း ဗြိတိန်နိုင်ငံတွင် လျှပ်စစ်ကားရောင်းအား ၃ ဆ မြင့်တက်ခဲ့သည်။
'' ဆယ်စုနှစ် တစ်ခုအတွင်းမှာ Bentley အနေနဲ့ နှစ် ၁၀၀ သက်တမ်းရှိတဲ့ ဇိမ်ခံကားထုတ်လုပ်ရေးကုမ္ပဏီကို ရေရည်တည်တံ့ပြီး ဇိမ်ခံကားထုတ်လုပ်ရေးလုပ်ငန်းရဲ့ စံနမူနာယူစရာ ကုမ္ပဏီသစ်တစ်ခုအဖြစ် အသွင် ပြောင်းလဲသွားမှာပါ''ဟု Bentley ကုမ္ပဏီ၏ အမှုဆောင်ချုပ် ဟောမာ့ခ်က ပြောသည်။
Ref:BBC(KNT)