နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်‌

ရန်ကုန်   နိုဝင်ဘာ   ၆


မြန်မာနိုင်ငံသည် သယံဇာတပေါများကြွယ်ဝသကဲ့သို့ ရာသီဥတုမျှတသဖြင့် နေချင်စဖွယ်ကောင်းသော နိုင်ငံဖြစ်သည်။ သစ်တော၊ သစ်ပင် လျော့နည်းလာကာ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာသဖြင့် ရာသီဥတု ဖောက်ပြန်မှုနှင့် ကြုံတွေ့ရသည်မှာ အမှန်ပင်ဖြစ်သည်။ မိုးခေါင်ခြင်း၊ မိုးများခြင်း၊ ပူပြင်းမှုကာလရှည်လျားပြီး ဆောင်းကာလတိုခြင်းတို့ ကြုံတွေ့နေရသည်။ သဘာဝပတ်ဝန်းကျင်သည် လူသားတို့အတွက် မှီခို အားထားရာ အကျိုးပြုရာ ပတ်ဝန်းကျင်မှ လူသားတို့အတွက် နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးမှ လိုအပ်ချက် ကိစ္စအဝဝကို ဖြည့်စွမ်းနေသည်မှာ အမှန်ပင်ဖြစ်သည်။ ယခုအခါ သဘာဝသစ်တောများသည် တစ်နှစ်ထက်  တစ်နှစ် ပိုမိုပြုန်းတီးလာကြောင်း သိရသည်။ နိုင်ငံ၏ လူဦးရေ၊ မြို့ပြလူ့အသုံးအဆောင်နှင့် စက်မှုလုပ်ငန်းများ တစ်နေ့တခြားတိုးပွားလျက်ရှိပေသည်။ သဘာဝသစ်တောများ ကာကွယ်ထိန်းသိမ်းရန် ခက်ခဲလာပါသည်။

အဘယ်ကြောင့်ဆိုသော် ကျေးရွာအများစုက နေ့စဉ်သုံးလောင်စာအတွက် ထင်းနှင့် မီးသွေးကို သစ်တော များမှ ထုတ်ယူခြင်းကြောင့် ဖြစ်သည်။ သစ်တောများပြုန်းတီးမှုဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းမှာ သစ်၊ ဝါး၊ အလွန်အကျွံခုတ်ယူခြင်း၊ သတ္တုနှင့် တွင်းထွက်များ တူးဖော်ခြင်း၊ စိုက်ပျိုးမြေချဲ့ထွင်ခြင်း၊ အခြေခံ အဆောက်အအုံများ တိုးချဲ့ခြင်းနှင့် လောင်စာအတွက် ထင်း၊ မီးသွေးထုတ်ယူခြင်းသည်လည်း အဓိက ပါဝင်ပေသည်။ သက်ဆိုင်ရာဌာနများအနေဖြင့် ကျေးလက်ဒေသဖွံဖြိုးရေးတွင် ထင်းအစားထိုးလောင်စာသုံးစွဲ ခြင်းနှင့် စွမ်းအားမြင့်မီးဖိုများ သုံးစွဲခြင်းလုပ်ငန်းကို ထိရောက်စွာဆောင်ရွက်ရန် လိုအပ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် ဒေသအလိုက် အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ကြမည့် အစုအဖွဲ့တို့၏ လုပ်ကွက်နှင့် ဧရိယာအတိုင်းအဖွဲ့ပိုင်သစ်တောတည် ထောင်ခွင့်လက်မှတ်များကို ပေးအပ်လျက်ရှိသည်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခွင့်ပြု လက်မှတ်ရရှိသည့်အဖွဲ့များအနေဖြင့် နှစ် ၃၀ စီမံအုပ်ချုပ်မှုလုပ်ငန်းစဉ်ပါစာချုပ်များအတိုင်း သစ်တော သယံဇာတ များ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများအပြင် ဝင်ငွေတိုးတက်စေရေး စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဒေသတွင်းသဘာဝကိုအခြေခံသော ခရီးသွားလုပ်ငန်းများလည်း ဆောင်ရွက်ခွင့်ရှိကြောင်း သိရသည်။

ဥတုရာသီ၏ အဓိကအားပြုရာ သစ်တောများသည် လူသားတို့အား အကျိုးပြုသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အထောက်အကူပြုပေရာ သစ်တောများကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်ကြောင်း တိုက်တွန်း အပ်ပေသည် ။           ။






အခြားဆက်စပ်သတင်းများ