နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ပထမဆုံး Full-Screen ဒီဇိုင်းပါ Honor Band 6 ကြေညာ

နိုဝင်ဘာ ၆


Honor Band 6 သည် NFC ပါ မော်ဒယ်နှင့် NFC မပါသည့် မော်ဒယ်ဟူ၍ ဗားရှင်းနှစ်မျိုး ထွက်ထားပြီး ဒီဇိုင်းပိုင်းတွင် မှန်ပြင်ပြည့်ပုံစံအသုံးပြုထားပေးပြီး ကိုယ်ထည်အိမ်ဘေးတွင် ဖုန်း Screen ကို နှိုးပေးမည့် အနီရောင်ခလုတ်တစ်ခုလည်းပါရှိပြီး ဘယ်ဘက်တွင် HONOR တံဆိပ်ထွင်းထားသည်။

မျက်နှာပြင်အရွယ်အစား ၁ ဒသမ ၄၇ လက်မ AMOLED Display သည် ရုပ်ထွက် 194 x368p ပါရှိပြီး အပေါ်တွင် 2.5D Glass မှန်အုပ်ထားပြီး Capacitive Key အစား စမတ်ဖုန်းတစ်လုံးကဲ့သို့ Gesture Navigation အသုံးပြုထားပြီး လက်ပတ်ကြိုးအနေဖြင့် Meteorite Black ၊ Seagull Grey နှင့် Coral Powder  အရောင်တို့ဖြင့် ထွက်ထားပြီး ကြိုးအရောင်ကွဲသော်လည်း ဘော်ဒီအနက်ရောင်တစ်မျိုးတည်းသာ အသုံးပြုထားသည်။ Honor Band 6 သည် Sports Modes ၁၀ မျိုးပံ့ပိုးထားပြီး သွေးတွင်းအောက်ဆီဂျင် စောင့်ကြည့်စနစ်၊ ၂၄ နာရီနှလုံးခုန်တိုင်းတာစောင့်ကြည့်သည့် Huawei TruSeen 4.0 စနစ် ၊ Huawei TruSleep အိပ်စက်မှုစောင့်ကြည့်နည်းပညာနှင့် အမျိုးသမီးဓမ္မတာစက်ဝိုင်းစောင့်ကြည့်မှုတို့ ပါဝင်လာသည်။

Honor Band 6 သည် ၁၄ ရက်ကြာအားခံနိုင်သည့် ဘက်ထရီပါရှိပြီး ဘက်ထရီပါဝါသည် 180mAh ဖြစ်ပြီး Magnetic Charger မှ အားသွင်းမှုပြုလုပ်နိုင်ပြီး ရေအနက် မီတာ ၅၀ တွင် ၁၀ မိနစ်ကြာ ရေစိမ်ခံ နိုင်မည့် 5ATM စံဖြင့် ထွက်ရှိထားသည်။  NFC ဗားရှင်းသည် စမတ်ကတ်နှင့် ခရစ်ဒစ်ကတ်တို့ကဲ့သို့ Contactless Payments နှင့် အသံအကူနည်းပညာစနစ်တို့လည်း ထည့်သွင်းထားပြီး NFC ပါ ဗားရှင်းကို ၂၈၉ ယွမ် (မြန်မာငွေ ၅ သောင်းခွဲကျော်) ဈေးဖြင့် ရောင်းချသွားမည်ဖြစ်ပြီး  ရိုးရိုးမော်ဒယ်ကို ၂၄၉ ယွမ် (မြန်မာငွေ ၄ သောင်း ၈ ထောင်ခန့်) ဈေးတို့ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ (WP)






အခြားဆက်စပ်သတင်းများ