နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Facebook မိုဘိုင်းဗားရှင်းတွင် Dark Mode စတင် စမ်းသပ်ထည့်သွင်း

နိုဝင်ဘာ ၆


Facebook Mobile App တွင် Dark Mode Option ထည့်သွင်းရန် စမ်းသပ်မှုပြုလုပ်နေကြောင်းကို Twitter တွင် ဂျိန်းမန်ချွန်းဝမ်က ထုတ်ဖော်ပြောကြားခဲ့သည်။ မန်ချွန်းဝမ်၏ Tweet တွင် Android နှင့် iOS တို့ပေါ်တွင် Facebook App ကို Dark Mode ဖြင့် စမ်းသပ်နေပြီဖြစ်ကြောင်း ဗွီဒီယိုဖိုင်ဖြင့်ပြသထားသည်။  Dark Mode ခလုတ်သည် Menu Tab အောက်ရှိ Settings & Privacy ကဏ္ဍထဲတွင် ပါဝင်လာမည်ဖြစ်ပြီး  Dark Mode Option ရသူများသည် Dark Mode အသုံးပြုချင်ပါက အဆိုပါခလုတ်ကို On ထားပေးရမည်။ Android 10 တွင် ပါသည့် System-Wide Dark Mode ဖြင့်လည်း တွဲသုံးနိုင်မည်ဖြစ်သည်။ အဆိုပါလုပ်ဆောင်ချက်ကို Facebook သုံးစွဲသူလူအနည်းစုတွင် ကနဦးစမ်းသပ်ခဲ့ခြင်းဖြစ်ပြီး XDA Developers အရ Dark Mode ဗားရှင်း ကို ကမ္ဘာအနှံ့ကသုံးစွဲသူများဆီ စတင်ဖြန့်ချိနေပြီဖြစ်ကြောင်း Facebook ကုမ္ပဏီက ပြောထားသည်။ 

"သုံးစွဲသူတွေဟာ Dark Mode ပေးဖို့ တောင်းဆိုနေတာ သိပါတယ်။ သူတို့အနေနဲ့ ထပ်ပြီးသိပ်စောင့် ဆိုင်းရတော့မှာ မဟုတ်ပါဘူး။ မကြာခင် ကမ္ဘာအရပ်ရပ်မှာ ဖြန့်ချိသွားမှာဖြစ်လို့ Facebook App Settings ထဲမှာ ဒီ Options ကို စပြီးတွေ့ရတော့မှာ ဖြစ်ပါတယ်။” လို့ Facebook ပြောရေးဆိုခွင့်ရှိသူက ပြော ထားခြင်းဖြစ်သည်။

Facebook သည် ကုမ္ပဏီပိုင် လူမှုကွန်ရက် App များဖြစ်သည့် Instagram ၊ Messenger နှင့် WhatsApp တို့တွင်လည်း Dark Mode လုပ်ဆောင်ချက်ထည့်သွင်းထားသည်။ (WP)






အခြားဆက်စပ်သတင်းများ