နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗန်ဒိုက်နဲ့ ခြေစွမ်းတူနောက်တန်းခံစစ်မှူး ရှာဖွေတွေ့ရှိပြီဖြစ်တဲ့ လီဗာပူး

နိုဝင်ဘာ ၆


လီဗာပူးအသင်းအတွက် အမြန်ဆုံးရှာဖွေဖြည့်တင်းသင့်တဲ့နေရာကတော့ ဒဏ်ရာရပြီး ကာလရှည် အနားယူနေရတဲ့ ခံစစ်မှူး ဗန်ဒိုက်ရဲ့နေရာပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗန်ဒိုက်က ကာလရှည် နားရတာရယ်၊ ပြန်ကောင်းလာရင်လဲ ပုံမှန်ခြေစွမ်းပြန်ရဖို့ မသေချာတာရယ် အရင်လိုတစ်ဦးချင်းစွမ်းဆောင် ရည်မျိုးပြသနိုင်ခြင်းမရှိမှာရယ်တွေကို နည်းပြကလော့ စိုးရိမ်မိတာကြောင့် ဗန်ဒိုက်နေရာကို အမြန်ဆုံးဖြည့်ဖို့ ရှာဖွေခဲ့တာပဲဖြစ်ပါတယ်။ ခုတော့ ဗန်ဒိုက်နဲ့ခြေရည်တူကစားနိုင်တဲ့ နောက်တန်းရဲ့တောင်းဆိုမှုတွေနဲ့ လည်း ကိုက်ညီတဲ့ခံစစ်မှူးတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူကတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ခံစစ်မှူး အလာဘာပဲဖြစ်ပါတယ်။ အလာဘာဟာ လီဗာပူးတို့ လိုအပ်နေတဲ့ နောက်တန်းကို ဦးဆောင်နိုင်သူ၊ လေပေါ်ရှင်းထုတ်မှုအားသာချက်ရှိတဲ့သူ၊ ချန်ပီယံလိဂ်အတွေ့အကြုံရှိသူတစ်ဦးဖြစ်တာကြောင့် လီဗာပူးတို့ အလာဘာကို ကမ်းလှမ်းဖို့စတင်ပြင်ဆင်နေပါပြီ။ အလာဘာဟာ ဘယ်သန်ကစားသမားဖြစ်တာကြောင့် ဗန်ဒိုက်နဲ့လည်း တွဲဖက်ကစားနိုင်တာကြောင့် လီဗာပူးတို့ရဲ့နောက်တန်းဟာပြီး ပြည့်စုံတဲ့အနေအထားကို ရောက်ရှိသွားမှာပါ။ အလာဘာဟာ ဘိုင်ယန်နဲ့ ၂၀၂၁ ထိ စာချုပ်ကျန်ပေမယ့် စာချုပ်သက်တမ်းတိုးညှိနှိုင်းမရ ဖြစ်နေပါတယ်။ ဘိုင်ယန်အနေနဲ့ ကစားသမားကို ယူရို ၃ သိန်းလစာအဖြစ်မပေးနိုင်လို့ ရောင်းချရမဲ့အနေအထားရှိပါ တယ်။ လီဗာပူးကတော့ လက်ရှိမှာ ဆာလာ၊ မာနေး၊ ဗန်ဒိုက်၊ အယ်လ်ကန်တာယာတို့ကို လစာ ၃ သိန်း ပေးနေတာကြောင့် ပြဿနာမရှိဘူးလို့ ထင်ပါတယ်။ ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ ဝန်းကျင်နဲ့ အေးဂျင့်ခ ယူရို ၁၀ သန်းကို လီဗာပူးတို့ ပေးချေနိုင်မှာပါ။

(SO)






အခြားဆက်စပ်သတင်းများ