နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသင်းအနိုင်ရခဲ့ပေမယ့် အသင်းသားတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေ လျှော့ဖို့လိုကြောင်း နည်းပြပြော

နိုဝင်ဘာ ၆


ကြာသပတေးနေ့က ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျူဗင်နဲ့ ဖီရန်ဗာဂိုစ်တို့ ယှဉ်ပြိုင်ရာမှာ ဂျူဗင်တို့က ၁−၄ ရလဒ်နဲ့ အဝေးကွင်းနိုင်ပွဲရရှိခဲ့ပါတယ်။ နည်းပြပီယာလိုက သူ့အနေနဲ့ ရလဒ်ပိုင်းကိုကျေနပ်ခဲ့ပေမယ့် အသင်းသားတွေဟာ တစ်ကိုယ်ကောင်းဆန်စွာ ကစားနေတာတွေကြောင့် ရသင့်တဲ့ သွင်းဂိုးတွေမရခဲ့ပါဘူး။ ဒါကြောင့် တစ်ကိုယ်ကောင်းဆန်တာတွေလျှော့ချဖို့လိုကြောင်း ပြောဆိုခဲ့ပါတယ်။ ဂျူဗင်ဟာ သွင်းဂိုးတွေကို ၇ မိနစ်၊ ၆၀ မိနစ်၊ ၇၃ မိနစ်တွေမှာ သွင်းယူနိုင်ခဲ့ပြီး ၈၁ မိနစ်မှာတော့ တစ်ဖက်အသင်းရဲ့ နောက်ခံလူကိုယ့်ဂိုးကိုယ်သွင်းမိတာကနေ လက်ဆောင်တစ်ဂိုးရရှိခဲ့ပါတယ်။ ပီယာလိုက အသင်းရလဒ်ကောင်းပေ မယ့် အသင်းလိုက်ကစားပုံလိုအပ်ချက်တွေရှိနေဆဲဖြစ်သလို တစ်ကိုယ်ကောင်းဆန်တာကိုလျော့ကြဖို့နဲ့ ပွဲကို မြန်နိုင်သမျှ မြန်မြန်ဖြတ်ခဲ့ဖို့လိုကြောင်း ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ပီယာလိုက “ကျွန်တော် ရလဒ်ပိုင်းနဲ့ပတ်သက်ပြီး ကျေနပ်ပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဒီထက်အများ ကြီး ပိုလုပ်နိုင်ပါသေးတယ်။ လိုချင်တဲ့ရလဒ်ကို ရရှိဖို့အရေးကြီးပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ ဒီထက်ပိုပြီးတိုးတက်အောင်ကြိုးစားရဦးမှာပါ။ သူတို့တွေကွင်းထဲရောက်တဲ့အခါ ရွေးချယ်မှုတွေ သူတို့ ကိုယ်တိုင်ပြုလုပ်ကြရတာပါ။ သူတို့ကို ရွေးချယ်ခွင့်ပေးထားတာက မှန်ကန်တဲ့အရာတစ်ပါ။ ဒါပေမယ့် သူတို့တစ်ကိုယ်ကောင်းဆန်တာတွေ လျော့ဖို့တော့လိုပါတယ်။ ပြီးတော့ပွဲကို မြန်မြန်အဆုံးသတ်ဖို့လဲ လိုပါ တယ်”လို့ ပြောဆိုသွားပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ